အိုင်ဝိုဘီကို လက်ရှိလုပ်ခထက် ၁၀ ဆတိုးပေးရန် အာဆင်နယ်စီစဉ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အဲဗာတန်နှင့်ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံးဆုရခဲ့သည့် အိုင်ဝိုဘီ

အာဆင်နယ်အသင်းသည် ဆယ်ကျော်သက်ကစားသမား အဲလက်စ်အိုင်ဝိုဘီကို လက်ရှိတစ်ပတ်လုပ်ခ ပေါင် ၇၅၀ မှ ၈၅၀၀ အထိ တိုးမြှင့်ပေးရန် ကမ်းလှမ်းမှုခဲ့ကြောင်း သိရှိရသည်။

အသက် ၁၉ နှစ်အရွယ် အိုင်ဝိုဘီသည် ပြီးခဲ့သည့် ရက်သတ္တပတ်က အဲဗာတန်နှင့်ပွဲတွင် ခြေစွမ်းပြကစားခဲ့ပြီး ၎င်း၏ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့သူဖြစ်သည်။

အိုင်ဝိုဘီမှာ ပြီးခဲ့သည့် အောက်တိုဘာလက တစ်ပတ်လုပ်ခ ပေါင် ၇၅၀ ဖြင့် ကာလရှည်စာချုပ် ချုပ်ဆိုထားခဲ့သူဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့သဖြင့် ယခုကဲ့သို့ ပေါင် ၈၅၀၀ အထိ တိုးမြှင့်ပေးရန် အာဆင်နယ်က စီစဉ်နေခြင်းဖြစ်သည်။

အိုင်ဝိုဘီသည် အီဂျစ်နှင့်ကစားရမည့် အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲအတွက် နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းလူစာရင်းတွင် ရွေးချယ်ခံထားရပြီး နိုင်ငံလက်ရွေးစင်အသင်းနှင့် ပြိုင်ပွဲအဆင့် ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရန်လည်း အိုင်ဝိုဘီက မျှော်လင့်နေသည်။

comments

error: Content is protected !!