ဒဏ်ရာရရှိခဲ့သောဘာထရန် အင်္ဂလန်လူစာရင်းမှ ချန်လှပ်ခံရ
|
ဒဏ်ရာကြောင့် ချန်လှပ်ခံခဲ့ရသည့် ဘာထရန်
ဆောက်သမ်တန်နောက်ခံလူ ရိုင်ယန်ဘာထရန်သည် ဒဏ်ရာကြောင့် စနေ့နေ့တွင်ကစားမည့် ဂျာမနီအသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် အင်္ဂလန်လူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်းသိရသည်။
အသက် ၂၆ နှစ်အရွယ် ဘာထရန်သည် ဆောက်သမ်တန်က လီဗာပူးကိုအနိုင်ရခဲ့သည့် တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိဘဲ ဆေးကုသမှုခံယူရန်အတွက် ၎င်း၏ကလပ်သို့ပြန်ခဲ့ရသည်။
အင်္ဂလန်အသင်းသည် ဂျာမနီသို့သွားရောက်ကစားမည့်ခြေစမ်းပွဲအပြီးတွင် ဟော်လန်နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်က ဘာထရန်၏နေရာတွင် လူစားထိုးမှုပြုလုပ်ခြင်းမရှိခဲ့ချေ။
Prev : စီးရီးအေသမိုင်းတစ်လျှောက် အချိန်အကြာဆုံးဂိုးမပေးရသည့်ဂိုးသမားအဖြစ် ဘူဖွန်စံချိန်တင်
Next : အိုင်ဝိုဘီကို လက်ရှိလုပ်ခထက် ၁၀ ဆတိုးပေးရန် အာဆင်နယ်စီစဉ်
Next : အိုင်ဝိုဘီကို လက်ရှိလုပ်ခထက် ၁၀ ဆတိုးပေးရန် အာဆင်နယ်စီစဉ်