ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန် အခွင့်အရေးရှိလာပြီဖြစ်ကြောင်း ဗန်ဟားလ်ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်စီးတီးနှင့်ပွဲတွင်တွေ့ရသည့် ဗန်ဟားလ်

မန်စီးတီးကိုရှုံးနိမ့်ခဲ့ပါက ထိပ်ဆုံး ၄ သင်းနေရာသို့ရောက်ရှိရန် မဖြစ်နိုင်တော့ကြောင်းပြောကြားခဲ့သော မန်ယူနည်းပြဗန်ဟားလ်က ယမန်နေ့က မန်စီးတီးကို မားကပ်စ်ရက်ခ်ျဖို့ဒ်၏ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် အခွင့်အရေးရှိလာပြီဟု ယုံကြည်ကြောင်း ဖွင့်ဟသွားခဲ့သည်။

မန်ယူသည်အမှတ်ပေးဇယားတွင် အဆင့် ၆ နေရာ၌သာရပ်တည်နေသော်လည်း အဆင့် ၄ နေရာမှ မြို့ခံပြိုင်ဘက်မန်စီးတီးနှင့် ၁ မှတ်သာကွာဟတော့သည်။

“မန်စီးတီးကို သရေ ဒါမှမဟုတ် ရှုံးခဲ့ရင် အမှတ်ကွာဟချက်ဆက်ကြီးမားနေမှာမို့လို့ ကျွန်တော်တို့အတွက် အရမ်းကိုခက်ခဲသွားမှာပါ။ အခုတော့မျှော်လင့်ချက်ရှိလာပါပြီ။ လက်ကျန်ပွဲစဉ်တွေမှာ အိမ်ကွင်းပွဲစဉ်တွေပိုများတဲ့အတွက် ကျွန်တော်တို့အတွက် အခွင့်အရေးအရမ်းကောင်းသွားပါပြီ”ဟု ဗန်ဟားလ်က ပြောကြားခဲ့သည်။

မန်ယူသည် ၂၀၁၂ ဒီဇင်ဘာလကတည်းက မန်စီးတီးအိမ်ကွင်းတွင် အနိုင်ရခဲ့ခြင်းမရှိဘဲ ယခုပွဲစဉ်မှသာ ပြန်လည်အနိုင်ရခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!