လာလီဂါသွင်းဂိုးအများဆုံး ဗြိတိန်ကစားသမားအဖြစ် ဂါရတ်ဘေးလ်စံချိန်တင်
|
ယမန်နေ့ကဆီဗီလာကို အိမ်ကွင်းတွင် ၄-၀ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်၌ ၂ ဂိုးသွင်းယူနိုင်ခဲ့သော ရီးရဲလ်ကစားသမား ဂါရတ်ဘေးလ်သည် ဂယ်ရီလိုင်နီကာ၏စံချိန်ကိုကျော်ဖြတ်ပြီး လာလီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားနိုင်သော ဗြိတိန်ကစားသမားဖြစ်လာခဲ့သည်။
အသက် ၂၆ နှစ်အရွယ် ဝေးလ်စ်လက်ရွေးစင်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ၂၀၁၃ စက်တင်ဘာလက စပါးအသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေး ၈၅ သန်းဖြင့် ရီးရဲလ်သို့ရောက်ရှိခဲ့ပြီး လာလီဂါပွဲစဉ် ၇၆ ပွဲကစားကာ သွင်းဂိုး ၄၃ ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။
ရီးရဲလ်တွင်စတင်ကစားစဉ်ကတည်းက ဒဏ်ရာပြဿနာများရှိခဲ့သော်လည်း ဂါရတ်ဘေးလ်၏ဂိုးသွင်းနှုန်းမှာ ကျဆင်းသွားခြင်းမရှိဘဲ လာလီဂါပွဲစဉ် ၂ ပွဲတွင် ၁ ဂိုးနှုန်းခန့်ရှိခဲ့သည်။
မကြာမီအချိန်အတွင်း ကလေး ၂ ဦးဖခင်ဖြစ်လာတော့မည့် ဂါရတ်ဘေးလ်သည် ကြံ့ခိုင်မှုပြဿနာများကြောင့် လာမည့်ရက်သတ္တပတ်တွင်ကစားမည့် ဝေးလ်စ်အသင်း၏ခြေစမ်းပွဲ ၂ ပွဲကို လွဲချော်မည်ဖြစ်သည်။
စပိန်လာလီဂါမှ ဗြိတိန်ထိပ်တန်းဂိုးသွင်းရှင်များ
ကစားသမား အသင်း ဂိုးအရေအတွက် ပွဲအရေအတွက်
ဂျရတ်ဘေးလ် ရီးရဲလ်မက်ဒရစ် ၄၃ ၇၆
ဂယ်ရီလိုင်နီကာ ဘာစီလိုနာ ၄၂ ၁၀၃
အယ်ဒရစ်ခ်ျ ဆိုစီဒက် ၃၃ ၆၃
အာခီဘတ် ဘာစီလိုနာ ၂၄ ၅၅
Next : စီးရီးအေသမိုင်းတစ်လျှောက် အချိန်အကြာဆုံးဂိုးမပေးရသည့်ဂိုးသမားအဖြစ် ဘူဖွန်စံချိန်တင်