စီးရီးအေသမိုင်းတစ်လျှောက် အချိန်အကြာဆုံးဂိုးမပေးရသည့်ဂိုးသမားအဖြစ် ဘူဖွန်စံချိန်တင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စီးရီးအေတွင် အချိန်အကြာဆုံးဂိုးမပေးရသည့်စံချိန်တင်ခဲ့သည့် ဘူဖွန်

မြို့ခံပြိုင်ဘက်တိုရီနိုကို ၄-၁ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ဂျူဗင်တပ်ဂိုးသမားဘူဖွန်သည် စီးရီးအေသမိုင်းတစ်လျှောက်အချိန်အကြာဆုံး ဂိုးမပေးရသည့်စံချိန်သစ်ကို တင်နိုင်ခဲ့သည်။

အသက် ၃၈ နှစ်အရွယ်ဘူဖွန်သည် တိုရီနိုအသင်းမှ ဘာလော့တီကန်သွင်းသော ဂိုးမပေးရမီအထိ ဂျူဗင်တပ်ဂိုးပေါက်ကိုကာကွယ်နိုင်ခဲ့ပြီး ၎င်း၏ဂိုးမပေးရသည့်စံချိန်ကို ၉၇၃ မိနစ်ဖြင့် အဆုံးသတ်နိုင်ခဲ့သည်။

ထို့ကြောင့် ၁၉၉၃-၉၄ ခုနှစ်ဘောလုံးရာသီက အေစီမီလန်ဂိုးသမားရော့ဆီ ၉၂၉ မိနစ်ဖြင့်တင်ထားခဲ့သောဂိုးမပေးရသည့်စံချိန်ကို ဘူဖွန်ကကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီမှတ်တမ်းက ဂျူဗင်တပ်တစ်သင်းလုံးနဲ့ ပရိသတ်တွေအတွက်ရည်ရွယ်ပါတယ်။ အသင်းဖော်တွေက ခံစစ်ကိုအကောင်းဆုံးထောက်ပံ့ပေးခဲ့လို့ ဘောလုံးကဂိုးပေါက်နားတောင် မရောက်ခဲ့ပါဘူး။ အဲဒါကြောင့် ဒီစံချိန်က သူတို့နဲ့လည်းဆိုင်ပါတယ်”ဟု ဘူဖွန်က ဖွင့်ဟသွားခဲ့သည်။

ဘူဖွန်သည် ပြီးခဲ့သောပွဲစဉ်ကလည်း ဂျူဗင်တပ်အသင်းအတွက် ၁၀ ပွဲဆက်ဂိုးမပေးရအောင်စွမ်းဆောင်ကာ ဒိုနိုဇော့ဖ်၏ ၉၀၃ မိနစ်စံချိန်ကိုကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။

comments

error: Content is protected !!