အနားယူချိန်ပိုရခြင်းက မန်ချက်စတာဒါဘီအတွက် အကျိုးရှိမည်ဟု မန်စီးတီးနည်းပြဆို
|
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ပယ်လီဂရီနီ
မန်စီးတီးနည်းပြ ပယ်လီဂရီနီက မန်ချက်စတာဒါဘီအဖြစ်ကစားရမည့်ပွဲစဉ်အတွက် ပြိုင်ဘက်အသင်းထက် အနားယူချိန် ၄၈ နာရီပိုရခဲ့သည်က မန်စီးတီးအတွက် အကျိုးရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။
မန်စီးတီးမှာ အင်္ဂါနေ့က ဒိုင်နမိုကိဗ်ကို အနိုင်ယူကာ ချန်ပီယံလိဂ်နောက်တစ်ဆင့်တက်ခဲ့သော်လည်း ကြာသပတေးနေ့ညတွင်ကစားခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် မန်ယူမှာ လီဗာပူးကို သရေကျကာ နှစ်ကျော့ပေါင်းရလဒ်ဖြင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ပယ်လီဂရီနီက”ကိုယ့်အသင်းက ၂၄ နာရီ၊ ၄၈ နာရီလောက် အနားယူချိန် ပိုရတာက အရေးပါပါတယ်။ ပွဲအတွက် အဆုံးအဖြတ်မဟုတ်ပေမယ့် ပြင်ဆင်ချိန်ပိုရပါတယ်။ ယူရိုပါလိဂ်ရဲ့ပြဿနာက အဲဒါပါပဲ။ ကြာသပတေးညမှာ ကစားရတာဆိုတော့ စနေ၊ တနင်္ဂနွေပွဲတွေအတွက် ပြင်ဆင်ဖို့ မလွယ်ကူပါဘူး”ဟု ဖွင့်ဟခဲ့သည်။
Prev : အသင်းဟောင်းဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဂျူဗင်တပ်တိုက်စစ်မှူးမန်ဇူကစ်ပါဝင်နိုင်ရန် မသေချာ
Next : ၀က်စ်ဟမ်းနှင့်ပွဲတွင် ကော်စတာ၊ ဟာဇက်တို့ ချဲလ်ဆီးတွင် မပါဝင်နိုင်
Next : ၀က်စ်ဟမ်းနှင့်ပွဲတွင် ကော်စတာ၊ ဟာဇက်တို့ ချဲလ်ဆီးတွင် မပါဝင်နိုင်