ဝက်စ်ဟမ်းနှင့်ပွဲတွင် ကော်စတာ၊ ဟာဇက်တို့ ချဲလ်ဆီးတွင် မပါဝင်နိုင်
|
ယနေ့ကစားမည့် ၀က်စ်ဟမ်းနှင့်ပွဲစဉ်တွင် ချဲလ်ဆီး၌ ဒီယေဂိုကော်စတာနှင့် အီဒင်ဟာဇက်တို့ ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။
ကော်စတာမှာ အဲဗာတန်နှင့်ကစားခဲ့သည့် အက်ဖ်အေပွဲစဉ်တွင် ပြသခံခဲ့ရသော အနီကတ်ကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဟာဇက်မှာ တင်ပါးဒဏ်ရာကြောင့် လွဲချော်ခြင်းဖြစ်သည်။
ကော်စတာနှင့်ပတ်သက်ပြီး ချဲလ်ဆီးယာယီနည်းပြဟစ်ဒင့်က”သူ့စိတ်က ပြောရရင်တော့ ကစားဖို့ စိတ်အားထက်သန်လွန်းနေတာပါ။ ပွဲပယ်ပြစ်ဒဏ်ကို သူလက်ခံပေမယ့် သိပ်တော့ စိတ်မကျေနပ်ပါဘူး”ဟု ဆိုသည်။
ချဲလ်ဆီးမှာ ဇူးမားကို ရာသီလက်ကျန်ပွဲများတွင် ဆုံးရှုံးရတော့မည်ဖြစ်ပြီး ဖယ်လ်ကာအိုမှာ လေ့ကျင့်ခန်းပြန်ဆင်းနေသော်လည်း ကစားခွင့်ရဖွယ်မရှိဘဲ အငှားခေါ်ယူထားသည့် ပါတိုမှာ ပွဲကြံ့ခိုင်မှုရရန် ကြိုးစားနေရဆဲဖြစ်သည်။
လတ်တလောကာလများတွင် ဟစ်ဒင့်မှာ တိုက်စစ်အတွက် ထရာအိုရေးနှင့် ရီမီတို့ကိုသာ ဦးစားပေးရွေးချယ်နေသော်လည်း ပါတိုမှာ ရာသီကုန်အထိ အသင်းတွင် ဆက်ရှိနေမည်ဟု ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Next : ထိပ်ဆုံး ၄ သင်းစာရင်းဝင်ရန် အခွင့်အရေးရှိလာပြီဖြစ်ကြောင်း ဗန်ဟားလ်ဖွင့်ဟ