မန်စီးတီးနောက်ခံလူ ကွန်ပနီ ဒဏ်ရာကြောင့် အနည်းဆုံး ၁ လ နားရမည်
|
ပီအက်စ်ဗီနှင့်ပွဲတွင် ထပ်မံဒဏ်ရာရခဲ့သည့် ကွန်ပနီ
မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီသည် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်သည့်ပွဲ၌ ခြေသလုံးဒဏ်ရာရရှိခဲ့သဖြင့် အနည်းဆုံး ၁ လ နားရမည်ဖြစ်ကြောင်း သိရှိရသည်။
ဘယ်လ်ဂျီယံလက်ရွေးစင် ကွန်ပနီသည် ယခုရာသီပရီးမီးယားလိဂ်တွင် ၁၃ ပွဲသာ ပွဲထွက်ကစားထားပြီး ၂၀၀၈ ခုနှစ်က မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ခြေသလုံးဒဏ်ရာ ၁၄ ကြိမ်ရရှိထားသည်။
“ကွန်ပနီက ခြေသလုံးကြွက်သားဒဏ်ရာ ထပ်ရခဲ့ပါတယ်။ အရင်ကရခဲ့တဲ့ ဒဏ်ရာမျိုးပါပဲ။ ရာသီကျန်ပွဲစဉ် ၄ ပုံ ၃ ပုံလောက်ကို သူလွဲချော်ရတော့မှာပါ”ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားထားသည်။
မန်စီးတီးမှာ ယခုရာသီတွင် ကွန်ပနီပါဝင်သောပွဲများ၌ ဂိုးပေးရသည့်နှုန်းမှာ ၁၅၆ မိနစ်တွင် ၁ ဂိုးသာဖြစ်သော်လည်း ၎င်းမပါဝင်နိုင်သည့်ပွဲများတွင် မိနစ် ၇၀ လျှင် ၁ ဂိုးနှုန်းပေးနေရသည်။
Prev : ချန်ပီယံပြေးလမ်းမှာအသက်ဝင်နေဆဲဖြစ်ကြောင်း လက်စတာနည်းပြရေနီယာရီပြောကြား
Next : နည်းပြများကို ၆ လစာချုပ်ဖြင့်သာ ခန့်အပ်သင့်ဟု ဘာစီလိုနာနည်းပြသုံးသပ်
Next : နည်းပြများကို ၆ လစာချုပ်ဖြင့်သာ ခန့်အပ်သင့်ဟု ဘာစီလိုနာနည်းပြသုံးသပ်