နည်းပြများကို ၆ လစာချုပ်ဖြင့်သာ ခန့်အပ်သင့်ဟု ဘာစီလိုနာနည်းပြသုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် အန်းနရစ်

ဘာစီလိုနာနည်းပြ လူးဝစ်အန်းနရစ်က နည်းပြများကို ကာလရှည်စာချုပ်များ ချုပ်ဆိုခန့်အပ်ခြင်းအား အဆုံးသတ်ကာ ၆ လစာချုပ်များဖြင့် ခန့်အပ်သင့်သည်ဟု ၎င်း၏အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

ရိုးမားနှင့် ဆဲလ်တာဗီဂိုတို့တွင် နည်းပြတာဝန်ယူခဲ့ဖူးသူ အန်းနရစ်မှာ ၂၀၁၄ မှစ၍ တာဝန်ယူခဲ့သည့် ဘာစီလိုနာ၌ ဖလား ၅ လုံးရယူပေးထားသူဖြစ်ကာ”၆ လထက် မပိုတဲ့စာချုပ်နဲ့သာ အဲဒီအသင်းတွေမှာ တာဝန်ယူခဲ့ရရင် အခုအချိန်မှာလိုပဲ အောင်မြင်မှာပါ။ ကျွန်တော် မပျော်တော့ရင်၊ အသင်းအတွက် အကျိုးမရှိရင် နည်းပြဆက်ဖြစ်နေလည်း ဘာမှထူးမှာမဟုတ်တော့ စာချုပ်သက်တမ်းတိုလေ ကောင်းလေပဲပေါ့။ အဲဒီလိုလုပ်လိုက်ရင် ကလပ်တွေအတွက်လည်း ကောင်းသွားမယ်။ နည်းပြကို မကြိုက်ဘူးဆိုရင် ထုတ်ပယ်ဖို့အတွက် လျော်ကြေးအများကြီးပေးဖို့မလိုဘဲ အပြောင်းအလဲလုပ်နိုင်မှာပါ”ဟု ပြောကြားခဲ့သည်။

အန်းနရစ်မှာ ဘာစီလိုနာနည်းပြအဖြစ် ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရကာ ပြီးခဲ့သည့်ဇွန်လက ၂၀၁၇ ခုနှစ်အထိ သက်တမ်းတိုးခဲ့သော်လည်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကဲ့သို့ အသင်းတစ်သင်းတည်းကို နှစ် ၂၀ နည်းပြသည့်ခေတ်မှာ ကုန်ဆုံးသွားပြီး ယခုခေတ်တွင် ထိုကဲ့သို့ဖြစ်ရန်မလွယ်ကူဟု ထုတ်ဖော်ပြောကြားခဲ့သည်။

comments

error: Content is protected !!