အက်ဖ်အေဆီမီးဖိုင်နယ်တွင် မန်ယူ သို့မဟုတ် ၀က်စ်ဟမ်းနှင့် အဲဗာတန်ရင်ဆိုင်ရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အက်ဖ်အေပွဲအပြီးတွင်တွေ့ရသည့် ၀က်စ်ဟမ်းနှင့် မန်ယူနည်းပြ

အက်ဖ်အေဖလားဆီမီးဖိုင်နယ်အဆင့်တွင် အဲဗာတန်မှာ မန်ယူ သို့မဟုတ် ၀က်စ်ဟမ်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်မှာ ၀က်ဖို့ဒ်နှင့် ကစားရမည်ဖြစ်သည်။

ထိုပွဲစဉ်များမှာ ၀င်ဘလေကွင်းတွင် ဧပြီ ၂၃-၂၄ ရက်နေ့များတွင် ကစားမည်ဖြစ်ပြီး မန်ယူမှာ အိုးထရက်ဖို့ဒ်တွင် ၀က်စ်ဟမ်းနှင့်သရေကျခဲ့သဖြင့် ကွာတားဖိုင်နယ်ပြန်ကန်ပွဲစဉ်တွင် ၀က်စ်ဟမ်းကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကွာတားဖိုင်နယ်ပြန်ကန်ပွဲ ကစားရမည့်ရက်ကို လာမည့်ကြာသပတေးနေ့တွင် မန်ယူနှင့် လီဗာပူးတို့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကစားအပြီးတွင် ထုတ်ပြန်မည်ဖြစ်သည်။

comments

error: Content is protected !!