အဲဗာတန်နှင့်ပွဲမှ အနီကတ်အတွက် ကော်စတာစွဲချက်တင်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီး-အဲဗာတန်ပွဲစဉ်တွင် ကစားသမားများ အချင်းများနေစဉ်

ချဲလ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် စနေနေ့က ကစားခဲ့သော အဲဗာတန်နှင့် အက်ဖ်အေပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပြီးနောက် ၎င်း၏အပြုအမူအတွက် အက်ဖ်အေက စွဲချက်တင်လိုက်ကြောင်း သိရှိရသည်။

စပိန်တိုက်စစ်မှူး ကော်စတာသည် ပွဲချိန် ၈၄ မိနစ်တွင် အဲဗာတန်ကစားသမား ဂါရတ်ဘာရီနှင့် အချင်းများခဲ့ပြီး ထိုဖြစ်စဉ်တွင် ဘာရီအား ကော်စတာက ကိုက်ခဲ့သည့်ဟန်ပန်ပေါ်ခဲ့သော်လည်း ကာယကံရှင်ကစားသမား ၂ ဦးလုံးက မဟုတ်မှန်ကြောင်း ငြင်းဆန်ထားသည်။

သို့သော် အက်ဖ်အေသည် ဒုတိယအ၀ါကတ်ပြသခံခဲ့ရသော ကော်စတာ၏အပြုအမူအတွက် စွဲချက်တင်ခဲ့ပြီး ၎င်းတို့၏ကြေညာချက်တွင် “ဒုတိယအ၀ါကတ် ပြသခံရအပြီး ၎င်း၏အပြုအမူမှာ အားကစားသမားမပီသသည့် လုပ်ရပ်ဖြစ်၍ စွဲချက်တင်လိုက်သည်”ဟု ထုတ်ပြန်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့မတိုင်မီ စွဲချက်နှင့်ပတ်သက်၍ ပြန်လည်ဖြေရှင်းခွင့်ရှိကြောင်း သိရသည်။

ထို့အပြင် ကော်စတာမှာ ပထမပိုင်းအပြီး ကွင်းအတွင်းမှထွက်ခွာချိန်တွင် အဲဗာတန်ပရိသတ်များအား အမူအရာဖြင့် ရိုင်းပျခဲ့သည်ဟူသော စွဲချက်အတွက်လည်း ဗုဒ္ဓဟူးနေ့မတိုင်မီ ပြန်လည်ဖြေရှင်းရန် အသိပေးခံထားရသည်။

comments

error: Content is protected !!