အိမ်ကွင်းတွင် မန်ယူနှင့်ပြန်ကန်ပွဲကစားရမည့်အတွက် ဘီလစ်ဝမ်းသာနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပြန်ကန်ပွဲကစားရမည့်အတွက် ၀မ်းသာနေသည့် ဘီလစ်

ဝက်စ်ဟမ်းနည်းပြ ဘီလစ်က မန်ယူကို အိမ်ကွင်းအပ်တန်ပတ်ခ်တွင် အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့် ပြန်ကန်ပွဲကစားရမည့်အတွက် ၀မ်းသာမိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

အိုးထရက်ဖို့ဒ်တွင်ကစားခဲ့သည့် ထိုပွဲစဉ်တွင် ၁-၁ သရေကျခဲ့သည့်အတွက် ၀င်ဘလေတွင်ကစားရမည့် ဆီမီးဖိုင်နယ်သို့တက်ရောက်ရမည့်အသင်း ပေါ်ထွက်လာရေးအတွက် ၀က်စ်ဟမ်းနှင့် မန်ယူတို့မှာ ပြန်ကန်ပွဲကစားရမည်ဖြစ်သည်။

“အဲဒီပွဲက ခက်ခဲတဲ့ပွဲ ဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်ချက်ပိုရှိလာလို့ ၀မ်းသာပါတယ်။ မန်ယူက အဝေးကွင်းမှာဆိုရင် ပုံမှန်ခြေစွမ်းမရှိဘဲ ယုံကြည်ချက်လည်း အိမ်ကွင်းမှာလို ထပ်တူမရှိတဲ့အသင်းပါ”ဟု ဘီလစ်က ပြောကြားခဲ့သည်။

comments

error: Content is protected !!