အက်ဖ်အေနိုင်ပွဲမှာ နည်းပြဘ၀အမြင့်ဆုံးမှတ်တမ်းဟု ၀က်ဖို့ဒ်နည်းပြဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အက်ဖ်အေနိုင်ပွဲမှာ အရေးအပါဆုံးအခိုက်အတန့်ဟုဆိုခဲ့သည့် ဆန်းချက်ဇ်ဖလိုရက်စ်

ဝက်ဖို့ဒ်နည်းပြ ဆန်းချက်ဇ်ဖလိုရက်စ်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် လက်ရှိချန်ပီယံအာဆင်နယ်ကို အနိုင်ရခဲ့ခြင်းမှာ ၎င်း၏နည်းပြဘ၀တွင် အမြင့်ဆုံးအခိုက်အတန့်ဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်သည်။

ဝက်ဖို့ဒ်ကို အိမ်ကွင်းတွင် ၂-၁ ဖြင့် အရှုံးပေးခဲ့ရသော အာဆင်နယ်မှာ ၃၇ လအတွင်း ပထမဆုံး အက်ဖ်အေရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်ကာ ၀က်ဖို့ဒ်မှာမူ ခြေစွမ်းပြရာသီတွင် မှတ်တမ်းသစ်ထပ်မံရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

“ဒီအချိန်၊ ဒီအသင်း၊ ဒီခရီးအတွက် အရမ်းဂုဏ်ယူတယ်။ ကျွန်တော်တို့က အခုဆိုရင် ၀င်ဘလေမှာ ဆီမီးဖိုင်နယ်ကစားခွင့်ရပါပြီ။ ဒီရာသီက ၀က်ဖို့ဒ်အတွက် ပရိသတ်တွေအတွကပေးဆပ်တဲ့ ကစားသမားတွေအတွက် အံ့သြစရာရာသီပါပဲ။ ကျွန်တော့်နည်းပြဘ၀အတွက်တော့ အမြင့်ဆုံးအခိုက်အတန့်ပါပဲ”ဟု ထိုနိုင်ပွဲတွင် ဘောလုံးပိုင်ဆိုင်မှု ၂၉ ရာခိုင်နှုန်းသာရှိခဲ့သည့် ၀က်ဖို့ဒ်အား ပဲ့ကိုင်ခဲ့သူ ဆန်းချက်ဇ်ဖလိုရက်စ်က ပြောကြားခဲ့သည်။

comments

error: Content is protected !!