မိမိကို ကော်စတာမကိုက်ခဲ့ဟု ဘာရီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ကော်စတာနှင့် ဘာရီတို့ကို ပြီးခဲ့သည့်အက်ဖ်အေပွဲစဉ်က တွေ့ရစဉ်

အဲဗာတန်ကွင်းလယ်လူ ဂါရတ်ဘာရီက အက်ဖ်အေဖလားကွာတားဖိုင်နယ်အဆင့်တွင် ချဲလ်ဆီးနှင့်ကစားခဲ့သည့်ပွဲ၌ ပြိုင်ဘက်တိုက်စစ်မှူး ဒီယေဂိုကော်စတာမှာ မိမိကို ကိုက်ခဲ့ခြင်းမရှိဟု ဖွင့်ဟပြောကြားလိုက်သည်။

ကော်စတာမှာ ပွဲချိန် ၈၄ မိနစ်တွင် ဘာရီနှင့်ထိပ်တိုက်တွေ့ခဲ့သည့်ဖြစ်ရပ်အတွက် ဒုတိယအ၀ါကတ်ပြသခံခဲ့ရကာ ထုတ်ပယ်ခံခဲ့ရသော်လည်း ဘာရီအား ကိုက်ခဲ့ခြင်းမရှိဟု ငြင်းဆိုထားပြီး ၈၇ မိနစ်အရောက်တွင် ထုတ်ပယ်ခံခဲ့ရသူ ဘာရီကလည်း ကော်စတာ၏စကားမှာ ဟုတ်မှန်ကြောင်း ထောက်ခံခဲ့သည်။

လက်ရှိအချိန်တွင် အက်ဖ်အေမှာ ထိုအဖြစ်အပျက်အတွက် လိုအပ်သောအရေးယူမှုများချမှတ်ရ် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ၏ အစီရင်ခံစာကို စောင့်ဆိုင်းနေပြီး ကွင်းလယ်ဒိုင်ဟောင်း ဟောင်းဝပ်ဝက်ဒ်ကမူ ၎င်း၏အမြင်အရ ထိုအဖြစ်အပျက်မှာ ကြမ်းတမ်းစွာကစားမှုဖြင့် အရေးယူခံရမည့်အနေအထားမရှိဟု ဖွင့်ဟခဲ့သော်လည်း ဒုတိယအ၀ါကတ်ပြသခံရပြီးနောက် ကော်စတာ၏တုံ့ပြန်မှုများအပေါ် အရေးယူခြင်းမရှိလျှင် အံ့သြမိမည်ဟု ပြောကြားထားသည်။

comments

error: Content is protected !!