မန်ယူတွင် ၎င်း၏နည်းစနစ် အလုပ်ဖြစ်နေဟု ဗန်ဟားလ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မန်ယူတွင် နည်းစနစ်များအလုပ်ဖြစ်နေဟုဆိုလိုက်သည့် ဗန်ဟားလ်

မန်ယူမှာ ပြိုင်ပွဲ ၃ ရပ်တွင် ယှဉ်ပြိုင်နေရဆဲဖြစ်သည့်အတွက် မန်ယူတွင် ၎င်း၏နည်းစနစ်များ အောင်မြင်ကြောင်း ဗန်ဟားလ်က ထုတ်ဖော်ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှ မန်ယူမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရနေရာနှင့် ၃ မှတ်ကွာဟနေပြီး တနင်္ဂနွေနေ့တွင် ၀က်စ်ဟမ်းကို အက်ဖ်အေပြိုင်ပွဲ၌ အိမ်ရှင်အဖြစ် လက်ခံကစားရမည်ဖြစ်သည်။

ထို့နောက် ကြာသပတေးနေ့တွင် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင် ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ရသော လီဗာပူးကို အိမ်ကွင်းတွင်ပင် လက်ခံကစားရမည်ဖြစ်သည်။

ဗန်ဟားလ်လက်ထက်တွင် မန်ယူမှာ ကျဆုံးခန်းရောက်နေသည်ဟု ပြောကြားမှုများအား ဗန်ဟားလ်က ပယ်ချကာ”နည်းစနစ်က အလုပ်ဖြစ်ပါတယ်။ ရလဒ်ကောင်းပေးတဲ့ နည်းစနစ်တော့ မဟုတ်ပါဘူး။ ချန်ပီယံဖြစ်ရမယ်၊ ယူရိုပါလိဂ်ဖလားရရမယ်၊ အက်ဖ်အေချန်ပီယံဖြစ်ရမယ်ဆိုရင်တော့ ဒီနည်းစနစ်က မကောင်းဘူးပေါ့။ ပြိုင်ပွဲ ၃ ရပ်မှာ ပါဝင်ခွင့်မရှိတော့တဲ့ တခြားအသင်းတွေ အများကြီးပါပဲ”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!