ပေါင်ဒဏ်ရာကြောင့် ရမ်ဆေး ၄ ပတ် နားရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
၎ ပတ်ကြာအနားယူရမည့် ရမ်ဆေး

အာဆင်နယ်နှင့် ဝေးလ်ကွင်းလယ်လူ အာရွန်ရမ်ဆေးမှာ ပေါင်ဒဏ်ရာကြောင့် ၄ ပတ်ကြာအနားယူရမည်ဟု သိရှိရသည်။

ထို့ကြောင့် ၎င်းမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေပွဲစဉ်များအပြင် မြောက်အိုင်ယာလန်၊ ယူကရိန်းတို့နှင့်ကစားမည့် ဝေးလ်လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲများကိုပါ လွဲချော်ရမည်ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် ထိုကစားသမားမှာ ဟူးလ်စီးတီးကို ၄ ဂိုးပြတ်အနိုင်ရခဲ့သည့် အင်္ဂါနေ့ပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ၄ ပတ်အနားယူရမည်ဆိုသည်ကို အာစင်ဝင်းဂါးက အတည်ပြုခဲ့သည်။

comments

error: Content is protected !!