ဒီနိုဇော့ဖ်၏ ပေးဂိုးမရှိကလပ်စံချိန်အား ဘူဖွန်ကျော်ဖြတ်
|
စီးရီးအေပေးဂိုးမရှိစံချိန်တင်ရန်နီးစပ်နေသည့် ဘူဖွန်
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် စီးရီးအေတွင် ၉၀၃ မိနစ်ကြာ ဂိုးမပေးခဲ့ရသည့် ဒီနိုဇော့ဖ်၏ကလပ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရှိရသည်။
အီတလီလက်ရွေးစင်ဘူဖွန်သည် ဆက်ဆူအိုလိုနှင့်ကစားခဲ့သည့် သောကြာနေ့ပွဲစဉ်တွင် ၁-၀ ဖြင့်အနိုင်ရခဲ့ပြီး ၁၀ ပွဲဆက် ဂိုးမပေးခဲ့ရသဖြင့် ပေးဂိုးမရှိကြာချိန် ၉၂၆ မိနစ်ဖြင့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။
အသက် ၃၈ နှစ်အရွယ် ဘူဖွန်သည် လက်ရှိအချိန်တွင် ၁၉၉၄ ခုနှစ်က အေစီမီလန်နှင့်အတူ ၉၂၉ မိနစ်ကြာ ပေးဂိုးမရှိဘဲ စီးရီးအေစံချိန်တင်ထားသည့် ဆီဘက်တီယာနိုရော့ဆီ၏ စံချိန်ကို ချိုးဖျက်နိုင်ရန် အလားအလာကောင်းနေပြီဖြစ်သည်။
ဘူဖွန်မှာ လက်ရှိရာသီချန်ပီယံလိဂ်တွင် ၆၃၀ မိနစ်ကြာ ကစားထားပြီး ဂိုးပေါက်ကာကွယ်မှု ၂၁ ကြိမ်ပြုလုပ်ထားသည်။
Prev : ပေါင်ဒဏ်ရာကြောင့် ရမ်ဆေး ၄ ပတ် နားရမည်
Next : အိမ်ကွင်းတွင် မန်ယူနှင့်ပြန်ကန်ပွဲကစားရမည့်အတွက် ဘီလစ်ဝမ်းသာနေ
Next : အိမ်ကွင်းတွင် မန်ယူနှင့်ပြန်ကန်ပွဲကစားရမည့်အတွက် ဘီလစ်ဝမ်းသာနေ