ချန်ပီယံဖြစ်ရန် လက်စတာရေပန်းမစားသေးဟု ရေနီယာရီယူဆနေဆဲ
|
လက်စတာနည်းပြ ကလော်ဒီယိုရေနီယာရီက ၎င်း၏အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ရေပန်းစားသည့်အသင်းမဖြစ်သေးဟု ငြင်းဆိုသွားခဲ့ပြီး ရာသီကျန် ၉ ပွဲတွင်လည်း ချန်ပီယံဖြစ်ရေးမျှော်မှန်းချက် ထားရှိသွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။
လက်စတာမှာ လက်ရှိအချိန်တွင် ရမှတ် ၆၀ ဖြင့် ဒုတိယနေရာမှ စပါးကို ၅ မှတ်အသာ၊ တတိယနေရာမှ အာဆင်နယ်ကို ၈ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် အံ့အားသင့်ဖွယ် ရယူနိုင်ခြေရှိနေသည်။
လက်စတာမှာ လာမည့်တနင်္လာနေ့တွင် ရလဒ်ဆိုးများဖြင့်ရုန်းကန်နေရသော နယူးကာဆယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အာဆင်နယ်မှာ အက်ဖ်အေပွဲစဉ်ရှိနေ၍ ပရီးမီးယားလိဂ်ပွဲရွှေ့ဆိုင်းထားရသဖြင့် အနိုင်ကစားပြီး ၁၁ မှတ်အထိ ဖြတ်နိုင်ခြေရှိနေကာ စပါးမှာမူ ဗီလာနှင့် ပရီးယားလိဂ်ပွဲစဉ် ကစားရမည်ဖြစ်သည်။
သို့သော် ရေနီယာရီက ထိုအသင်းများမှာ ချန်ပီယံအဖြစ် ရေပန်းစားသည့်အသင်းများဖြစ်နေဆဲကို”ကျွန်တော်တို့က အရင်အတိုင်းပါပဲ။ ရေပန်းစားနေတာက တခြားအသင်းတွေပါ။ ကျွန်တော်တို့ အကြိတ်အနယ်ကစားရမယ်။ ရာသီကုန်တော့မှ အောင်မြင်မှုရပြီလို့ ပြောနိုင်လိမ့်မယ်။ ဒီနှစ်ပရီးမီးယားလိဂ်က အူကြောင်ကြောင်ဖြစ်နေတယ်။ ဒီလိုရာသီမျိုးမှာ ကျွန်တော်အကြိတ်အနယ်ကစားနေတာက ဘာမဆိုဖြစ်နိုင်လို့ပဲ။ အခုဆိုရင်လည်း အမှတ်ဘယ်လောက်ယူမလဲဆိုတာ မစဉ်းစားပါဘူး။ နယူးကာဆယ်နဲ့ပွဲအတွက်ပဲ တွေးနေပါတယ်”ဟု ဆိုသည်။
ထို့အပြင် ရေနီယာရီက အဓိက ကစားသမား မာရက်ဇ်မှာ နယူးကာဆယ်နှင့်ပွဲတွင် ပါဝင်ကစားရန် ကြံ့ခိုင်မှုပြည့်ဝနေသည်ဟု အတည်ပြုခဲ့သည်။
Next : မန်ယူတွင် ၎င်း၏နည်းစနစ် အလုပ်ဖြစ်နေဟု ဗန်ဟားလ်ဆို