လူစာရင်းအပြောင်းအလဲလုပ်ခဲ့သော်လည်း နောင်တမရဟု ပိုချက်တီနိုဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လူစာရင်းအပြောင်းအလဲလုပ်ခဲ့ခြင်းအား နောင်တမရဟုဆိုခဲ့သည့် ပိုချက်တီနို

စပါးနည်းပြ ပိုချက်တီနိုက ဒေါ့မွန်ကို ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ရင်ဆိုင်ရာတွင် ပွဲထွက်လူစာရင်းအပြောင်းအလဲ ၇ နေရာအထိ ပြုလုပ်ခဲ့သော်လည်း ၃ ဂိုးပြတ်အရေးနိမ့်ခဲ့သည့်အတွက် နောင်တရခြင်းမရှိဟု ဖွင့်ဟပြောကြားလိုက်သည်။

ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေသော ယူရိုပါလိဂ်ပွဲကစားခဲ့သည့် စပါးတွင် ပိုချက်တီနိုက အဓိကတိုက်စစ်မှူး ဟာရီကိန်းကို အရန်စာရင်းတွင် ထည့်သွင်းခဲ့သည်။

သို့သော်”ရလဒ်ပိုင်းအတွက် ကျွန်တော်အရမ်းစိတ်ပျက်တယ်။ တော်တော်ဆိုးရွားတဲ့နေ့ဖြစ်ပေမယ့် ဒီရလဒ်ကို လက်ခံရမှာပါ။ ကျွန်တော် နောင်တမရပါဘူး။ ဒီပွဲအနိုင်ရဖို့ ပွဲထွက် ၁၁ ယောက်စာရင်းကို ကျွန်တော်တို့ရွေးခဲ့တာပါ”ဟု ပိုချက်တီနိုက ဆိုသည်။

စပါးမှာ ၀က်စ်ဟမ်းကို အဝေးကွင်းတွင် အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ကို ၂-၂ သရေကျခဲ့သည့်အတွက် ယခုပွဲအပြီးတွင် ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။

comments

error: Content is protected !!