ယူရိုပါလိဂ်တွင်ယှဉ်ပြိုင်နေရ၍ ဝေဖန်နေသူများအား အတိတ်မှရုန်းမထွက်နိုင်သူများဟု ဗန်ဟားလ်တုံ့ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယူရိုပါလိဂ်နှင့်ပတ်သက်၍ ဝေဖန်သူများကို ပြန်လည်တုံ့ပြန်ခဲ့သည့် ဗန်ဟားလ်

မန်ယူနည်းပြဗန်ဟားက ချန်ပီယံလိဂ်ပြိုင်ပွဲမှ ယူရိုပါလိဂ်တွင် ယှဉ်ပြိုင်ကစားရသည့်အဆင့်သို့ လျှောကျခဲ့ခြင်းအပေါ် ဝေဖန်လျက်ရှိသူများကို မန်ယူအသင်းရွှေထီးဆောင်းခဲ့သည့်အတိတ်မှ ရုန်းမထွက်နိုင်သူများဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

လီဗာပူးနှင့် ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်ကို ယနေ့ကစားမည့်မန်ယူသည် ဥရောပတွင်ဒုတိယအဆင့်ပြိုင်ပွဲဖြစ်သော ယူရိုပါလိဂ်ကို နှစ် ၂၀ အတွင်း ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ဒီဇင်ဘာလက ၀ုဖ်ဘတ်ကိုရှုံးနိမ့်ကာ ချန်ပီယံလိဂ်မှထွက်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲသို့ကူးပြောင်းယှဉ်ပြိုင်ခဲ့ရခြင်းအပေါ် အသင်းခေါင်းဆောင်ဟောင်းဖာဒီနန်နှင့် တိုက်စစ်မှူးမိုက်ကယ်အိုဝင်တို့က ဝေဖန်မှုများပြုလုပ်ထားခဲ့သည်။

သို့သော် နည်းပြဗန်ဟားလ်က”အဲဒါအရင်တုန်းကပါ။ အခုမဟုတ်ပါဘူး။ ဘောလုံးလောကမှာ ဒီလိုဖြစ်တာပုံမှန်ပါပဲ။ ဝေဖန်နေကြတဲ့သူတွေက ရွှေထီးဆောင်းခဲ့တဲ့ အတိတ်ကနေရုန်းမထွက်နိုင်တဲ့သူတွေပါ။ အသင်းတစ်သင်းဟာ နှစ် ၂၀ လောက်ဆက်တိုက် ချန်ပီယံဖြစ်နေမယ်ဆို အဲဒါပုံမှန်မဟုတ်တော့ပါဘူး”ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

comments

error: Content is protected !!