ကစားသမားများသာပါဝင်သော ဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း ၀ဲလ်ကော့ဖွင့်ဟ
|
အာဆင်နယ်ကစားသမားများသည် ရလဒ်ဆိုးရွားနေမှုမှရုန်းထွက်ရေးအတွက် နည်းပြများမပါဝင်သောဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြကြောင်း အဓိက ကစားသမားဝဲလ်ကော့က ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်တော်တို့အချင်းချင်း ကောင်းမွန်တဲ့စကားဝိုင်းတစ်ခုကို နည်းပြတွေမပါဘဲ ဆွေနွေးနိုင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကစားသမားတစ်ယောက်ချင်းစီက သူတို့ဘယ်လိုခံစားနေရလဲဆိုတာကို ဖွင့်ပြောခဲ့ကြပြီး အလုပ်ဖြစ်ခဲ့ပါတယ်”ဟု ၀ဲလ်ကော့ကပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကြောင့် စပါးကွင်းတွင်သွားရောက်ကစားသည့်ပွဲ၌ ကိုကွီလင်ထုတ်ပယ်ခံရသော်လည်း သရေတစ်မှတ်ခွဲယူနိုင်ခဲ့စေရန် လိုအပ်သောစိတ်ဓာတ်ခွန်အားရရှိစေခဲ့သည်ဟု ၀ဲလ်ကော့ကယုံကြည်နေသည်။
“ကျွန်တော်တို့အချင်းချင်းဘာတွေပြောခဲ့လဲ ဆိုတာကိုတော့ ထုတ်မပြောတော့ပါဘူး။ ဒါပေမဲ့ အဲဒီစကားတွေဟာ အရမ်းအရေးပါခဲ့ပါတယ်။ ဆွေးနွေးပွဲက အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ ကျွန်တော်တို့ကြားမှာ နားလည်မှုတည်ဆောက်ဖို့အတွက် အဲ့ဒီလိုဆွေးနွေးပွဲမျိုး မကြာခဏလုပ်ဖို့လိုပါတယ်”ဟု ၀ဲလ်ကော့ကဖွင့်ဟသွားခဲ့သည်။
အာဆင်နယ်သည် ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားထိပ်မှ လက်စတာနှင့် ၈ မှတ်၊ ဒုတိယနေရာမှ စပါးနှင့် ၃ မှတ်အကွာ တတိယနေရာတွင်ရပ်တည်နေသည်။
Next : ယူရိုပါလိဂ်တွင်ယှဉ်ပြိုင်နေရ၍ ဝေဖန်နေသူများအား အတိတ်မှရုန်းမထွက်နိုင်သူများဟု ဗန်ဟားလ်တုံ့ပြန်