အင်တာမီလန်မှထွက်ခွာမည်မဟုတ်ဟု မန်စီနီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
vvvv
Photo: အင်တာတွင်ဆက်ရှိမည်ဟု ပြောကြားခဲ့သည့် မန်စီနီ (Getty Images)

အင်တာမီလန်နည်းပြမန်စီနီက လာမည့်ဘောလုံးရာသီအထိ အသင်းတွင်ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် အင်တာမီလန်သို့ ပြန်လည်ရောက်ရှိခဲ့သော မန်စီနီက ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသော်လည်း လာမည့်ပွဲစဉ်များတွင် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အနာဂတ်နှင့်ပတ်သက်၍ နည်းပြမန်စီနီက “ကျွန်တော်ကအင်တာမီလန်နည်းပြပါ။ လာမယ့်နှစ်မှာလည်း ဆက်ရှိနေဦးမှာပါ။ ကျွန်တော်တို့အမှတ်ပေးဇယားထိပ်ဆုံးမှာ ကာလတစ်ခုအထိနေခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရလဒ်ဆိုးတွေနဲ့ ကြံ
ုတွေ့ခဲ့ရတယ်။ အင်တာမီလန်ဟာ အသင်းကြီးတစ်သင်းပါ။ အခုအချိန်မှာလည်း အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ ဘောလုံးရာသီကုန်ဆုံးရင် ဥရောပ၀င်ခွင့်တစ်နေရာရမယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ နောက်ဆုံးနှစ်ပွဲမှာ
လည်းအကောင်းဆုံးကစားနိုင်ခဲ့လို့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်မယ်လို့ထင်တယ်။ လက်ကျန် ၁၀ ပွဲမှာကျွန်တော်တို့ နှစ်စကလို ခြေစွမ်းမျိုးပြန်ရချင်တယ်။ တတိယနေရာရောက်နိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ချက်အပြည့်ရှိ
ပါတယ်။ ပွဲစဉ်တိုင်းက ပြတ်ပြတ်သားသားဖြစ်လာမှာပါ။ ရမှတ် ၃၀ ရရှိဖို့အခွင့်အရေးရှိသေးလို့ ဘာမဆိုဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

Photo: အင်တာတွင်ဆက်ရှိမည်ဟု ပြောကြားခဲ့သည့် မန်စီနီ (Getty Images)

comments

error: Content is protected !!