ရိုးမားကိုသတိထားကစားရန် အသင်းသားများကို ဇီဒန်းတိုက်တွန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
rrrr
Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဇီဒန်း (Getty Images)

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်၌ ၂-၀ ဖြင့်အနိုင်ရထားခဲ့သော်လည်း ရီးရဲလ်နည်းပြဇီဒန်းက ဒုတိယအကျော့ပွဲစဉ်တွင် ရိုးမားအသင်းကို လျှော့တွက်၍ပေါ့ဆစွာမကစားရန် အသင်းသားများကိုတိုက်တွန်းပြောကြားလိုက်သည်။

“ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အခွင့်အရေးရှိနေပြီဖြစ်လို့ စိတ်လှုပ်ရှားမိတာတော့အမှန်ပါပဲ။ ဒါပေမဲ့ လာမယ့်ပွဲအတွက် အာရုံစိုက်ထားဖို့လိုပါတယ်။ ရိုးမားဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီး သူတို့ရဲ့တိုက်စစ်မှူးတွေကလည်း အရမ်းကောင်းကြပါတယ်။ ကောင်းကောင်းမကစားနိုင်ရင် ကျွန်တော်တို့ကျန်ခဲ့နိုင်ပါတယ်။ ရိုးမားမှာအခွင့်အရေးမရှိတော့ဘူးလို့ပြောလို့မရပါဘူး”ဟု ဇီဒန်းကဖွင့်ဟသွားခဲ့သည်။

စီးရီးအေပြိုင်ပွဲတွင် နောက်ဆုံး ၇ ပွဲဆက်အနိုင်ရရှိထားသောရိုးမားကိုကျော်ဖြတ်နိုင်ခဲ့လျှင် ရီးရဲလ်သည် ကွာတားဖိုင်နယ်အဆင့်သို့ ၆ နှစ်ဆက်တက်လှမ်းနိုင်မည်ဖြစ်သည်။

Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဇီဒန်း (Getty Images)

comments

error: Content is protected !!