ပရီးမီးယားလိဂ်ဖလားကို လက်မလျှော့သေးကြောင်း အာစင်ဝင်းဂါးဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
eeee
Photo: လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အာစင်ဝင်းဂါး (Getty Images)

အာဆင်နယ်သည် အမှတ်ပေးဇယားဦးဆောင်သူလက်စတာနှင့် ၈ မှတ်ကွာဟနေသော်လည်း နည်းပြအာစင်ဝင်းဂါးက ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ မပြီးဆုံးသေးကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်သည် မန်ယူနှင့်ဆွမ်ဆီးတို့ကိုရှုံးနိမ့်ခဲ့ကာ စနေနေ့ကစပါးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် ၂-၂ ဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲ၌ ၈ မှတ်ဆုံးရှုံးထားခဲ့သည်။

သို့သော်နည်းပြအာစင်ဝင်းဂါးက “ပရီးမီးယားလိဂ်ဖလားကို ကျွန်တော်တို့လက်မလျှော့သေးပါဘူး။ နောက်ဆုံးပွဲစဉ်အထိယှဉ်ပြိုင်သွားမှာပါ။ ပရီးမီးယားလိဂ်က ပြီးဆုံးဖို့လိုပါသေးတယ်”ဟု ပြောကြားခဲ့သည်။

အာဆင်နယ်ကိုနည်းပြခဲ့သည်မှာ နှစ် ၂၀ ပြည့်မြောက်တော့မည်ဖြစ်သော အာစင်ဝင်းဂါးသည် လတ်တလောရလဒ်များဆိုးရွားနေမှုကြောင့် ဝေဖန်မှုများခံနေရသော်လည်း ၎င်းက “ထင်မြင်ချက်တွေကတော့အမျိုးမျိုးရှိကြမှာပါပဲ။ ကျွန်တော်
့အလုပ်ကျွန်တော်လုပ်မှာပါ။ တစ်နေ့နေ့မှာ ကျွန်တော့်နေရာကို တစ်ယောက်ယောက်ယူမှာပဲလေ။ လုပ်နိုင်သလောက်ကြိုးစားလုပ်ပြီးတော့ ထွက်ခဲ့ရင်လည်း အသင်းကိုအကောင်းဆုံးပုံစံနဲ့ထားခဲ့နိုင်အောင်ကြိုးစားမှာပါ”ဟု ဖွင့်ဟသွားခဲ့
သည်။

Photo: လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် အာစင်ဝင်းဂါး (Getty Images)

comments

error: Content is protected !!