မက်ဆီ၊ ရော်နယ်ဒိုကိစ္စ အငြင်းပွားရာမှ လူသတ်မှုဖြစ်ပွား
|
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းခရိုင်အတွင်းရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် မက်ဆီနှင့်ရော်နယ်ဒို မည်သူက ပိုကောင်းသည်နှင့်ပတ်သက်၍ သူငယ်ချင်းနှစ်ဦး စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် စနေနေ့ညက ပါတီပွဲတစ်ခုတွင် အသက် ၂၁ နှစ်အရွယ် နိုင်ဂျီးရီးယားလူမျိုး မိုက်ကယ်ချုကူမာဆိုသူက တစ်နယ်တည်းသား အိုဘီနာဒူရမ်ချူကူအား ဖန်ခွက်ကွဲ အပိုင်းအစဖြင့် ထိုးသတ်ခဲ့ကြောင်း အိန္ဒိယရဲအရာရှိတစ်ဦးကေ
ပြာကြားခဲ့သည်။
“သူတို့ ဘောလုံးသမားတွေအကြောင်း ဆွေးနွေးငြင်းခုံနေကြတာပါ။ တစ်ယောက်က မက်ဆီပရိသတ်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရော်နယ်ဒိုရဲ့ ပရိသတ်ပါ။ သူတို့ အပြန်အလှန် ငြင်းခုံရင်း အမြင်မတူကြတဲ့အတွက် ရန်ဖြစ်ပါတ
ယ်။ အဲဒီမှာ သေသွားတဲ့တစ်ယောက်က သတ်လိုက်တဲ့သူရဲ့ မျက်နှာကို ဖန်ခွက်နဲ့ပစ်ပေါက်လိုက်တယ်။ ဖန်ခွက်ကွဲပြီး သူဒဏ်ရာနည်းနည်းရသွားပါတယ်။ အဲဒီနောက်မှာ ဖန်ခွက်နဲ့ပစ်ပေါက်ခံရတဲ့လူက ဖန်ကွဲစတစ်ခုနဲ့ အဆက်မြ
ပတ်ထိုးခဲ့လို့ သွေးထွက်လွန်ပြီး သေဆုံးခဲ့ရတာပါ” ဟု အမှုစစ်ဆေးရေးအရာရှိက ပြောကြားခဲ့သည်။
အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်မက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၅ ကြိမ်ရရှိထားပြီး အသက် ၃၁ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ရော်နယ်ဒိုက ၃ ကြိမ်ရရှိထားသည်။
သို့သော် ရော်နယ်ဒိုက မက်ဆီထက်ပိုကောင်းသလောဟူသည့်မေးခွန်းမှာ ကမ္ဘာ့ဘောလုံးပရိသတ်များအကြား ယနေ့တိုင် အငြင်းပွားနေကြဆဲဖြစ်သည်။
Photo: ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုပေးပွဲတွင် တွေ့ရသည့် မက်ဆီနှင့်ရော်နယ်ဒို (Getty Images)
Next : လာအိုတိုယိုတာနှင့်ပွဲမှာ AFC Cup အုပ်စုမှတက်ရန် အရေးပါဟု ဧရာဝတီနည်းပြချုပ်ဆို