လာအိုတိုယိုတာနှင့်ပွဲမှာ AFC Cup အုပ်စုမှတက်ရန် အရေးပါဟု ဧရာဝတီနည်းပြချုပ်ဆို
|
Ray Kin။
မတ် ၈။
AFC Cup 2016 ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဧရာဝတီယူနိုက်တက်သည် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် မတ်လ ၉ ရက်နေ့ ညနေပိုင်းတွင် လာအိုတိုယိုတာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲ အနိုင်ရမှသာ အုပ်စုအဆင့်မှတက်ရန် အခြေအနေကောင်းမည်ဟု မတ်လ ၈ရက်နေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီယူနိုက်တက်နည်းပြချုပ် ဦးကျော်လွင်က ပြောကြားခဲ့သည်။
“ဒီပွဲမှာ တစ်ခုခု အတိမ်းအစောင်းဖြစ်မယ်ဆိုရင် ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ အလှမ်းဝေးသွားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
လာအိုတိုယိုတာနှင့်ပွဲစဉ်အတွက် ဧရာဝတီယူနိုက်တက်တွင် ဒဏ်ရာရ၊ ပွဲပယ်ကစားသမားများ မရှိသည့်အတွက် အကောင်းဆုံးပုံစံဖြင့်ယှဉ်ပြိုင်နိုင်မည်ဟု မျှော်လင့်ပြီး ဧရာဝတီယူနိုက်တက်သည် အိမ်ကွင်းပွဲစဉ်များတွင် ခြေစွမ်းကောင်းမွန်သည့် အသင်းတစ်သင်းဟု ဧရာဝတီယူနိုက်တက် အသင်းခေါင်းဆောင် မင်းမင်းသူက ပြောကြားခဲ့သည်။
ဧရာဝတီယူနိုက်တက်သည် AFC Cup အဖွင့်ပွဲစဉ်တွင် မလေးရှားကလပ် ဂျိုဟိုနှင့် ယှဉ်ပြိုင်ခဲ့ပြီး ၈-၁ ဂိုးဖြင့် ရှုံးနိမ့်နိမ့်ထားသော်လည်း အဆိုပါပွဲ အရှုံးရလဒ်ကြောင့် အသင်းစိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်မည်မဟုတ်ကြောင်း ဦးကျော်လွင်က ဆိုသည်။
လာအိုတိုယိုတာသည် အဖွင့်ပွဲစဉ်တွင် အိန္ဒိယကလပ် Bengaluru FC ကို ၂-၁ ဂိုးဖြင့်အနိုင်ရထားသည့် အသင်းဖြစ်ပြီး ၂၀၁၅ AFC အုပ်စုပွဲစဉ်တွင်လည်း ဧရာဝတီယူနိုက်တက်နှင့်တွေ့ဆုံခဲ့ဖူးကာ အိမ်ကွင်းတွင် ၂-၂ သရေရလဒ်၊ အဝေးကွင်းတွင် ၃-၄ ဂိုးဖြင့် ဧရာဝတီယူနိုက်တက်ကို ရှုံးနိမ့်ခဲ့သည်။
Next : လက်စတာပရိသတ်တွေဖန်တီးခဲ့တဲ့ ငလျင်ငယ်