ဥရောပ၏ လက်ရှိလုပ်သက်အရှည်ဆုံးနည်းပြဖြစ်လာသည့် အာစင်ဝင်းဂါး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ccc
Photo: ဥရောပ၏လုပ်သက်အရှည်ဆုံးနည်းပြဖြစ်လာသူ အာစင်ဝင်းဂါး (Getty Images)

ပို့တ်ဒေါင်းအသင်းနည်းပြ ရွန်နီမက်ဖောလ်သည် ၎င်း၏အသင်းမှနုတ်ထွက်သွားပြီးနောက် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးမှာ ဥရောပ၏အလုပ်သက်တမ်းအရှည်ဆုံးနည်းပြဖြစ်လာခဲ့သည်။

အိုင်ယာလန်ကလပ်အသင်းတစ်သင်းဖြစ်သော ပို့တ်ဒေါင်းအသင်းကို ၂၉ နှစ်ကြာကိုင်တွယ်ခဲ့သောမက်ဖောလ်သည် အိုင်ယာလန်ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ဘာဂန်ဆဲတစ်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် စနေနေ့တွင်အသင်းမှ
နုတ်ထွက်ခဲ့သည်။

မက်ဖောလ်သည် ပို့တ်ဒေါင်းအသင်းကို ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူအမှတ်ပေးချန်ပီယံ ၄ ကြိမ်နှင့် ဆုဖလားပေါင်း ၂၀ ကျော်ဆွတ်ခူးနိုင်ခဲ့သည်။

မက်ဖောလ်သည် မန်ယူကိုကိုင်တွယ်ခဲ့သော ဆာအဲလက်စ်ဖာဂူဆန် အနားယူချိန် ၂၀၁၃ ခုနှစ်တွင်မှ လုပ်သက်အရှည်ဆုံးနည်းပြဖြစ်လာခဲ့သူဖြစ်ပြီး ယခု၎င်းနုတ်ထွက်ခဲ့သဖြင့် အာစင်ဝင်းဂါးမှာ လုပ်သက်အရှည်ဆုံးနည်းပြဖြစ်လာခဲ့ခြင်း
ဖြစ်သည်။

အာစင်ဝင်းဂါးကို အာဆင်နယ်အသင်းက ၁၉၉၆ ခုနှစ်တွင်ခန့်အပ်ခဲ့ပြီး လာမည့်စက်တင်ဘာလ ၂၂ ရက်နေ့တွင် နည်းပြသက်တမ်း နှစ် ၂၀ ပြည့်မြောက်မည်ဖြစ်သည်။

Photo: ဥရောပ၏လုပ်သက်အရှည်ဆုံးနည်းပြဖြစ်လာသူ အာစင်ဝင်းဂါး (Getty Images)

comments

error: Content is protected !!