ပီအက်စ်ဂျီနှင့်ပွဲကို နောက်ခံလူတယ်ရီလွဲချော်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
rr
Photo: လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဂျွန်တယ်ရီ (Getty Images)

ချဲလ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီမှာ ယခုတစ်ပတ်တွင် ပီအက်စ်ဂျီနှင့်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်နိုင်ကြောင်း နည်းပြဟစ်ဒင့်က အတည်ပြုပြောကြားလိုက်သည်။

အသက် ၃၅ နှစ်ရှိ အဆိုပါနောက်ခံလူသည် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို ၅-၁ ဂိုးဖြင့်အနိုင်ရခဲ့သောပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် ပီအက်စ်ဂျီအိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သော ပွဲစဉ်အပါအ၀င်
ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲကိုလွဲချော်ခဲ့ရသည်။

တယ်ရီ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ နည်းပြဟစ်ဒင့်က ”ပီအက်စ်ဂျီနဲ့ပွဲကို သူကစားနိုင်မယ်လို့ကျွန်တော်မထင်ဘူး။ အခုအချိန်အထိ ကြံ့ခိုင်မှုမပြည့်သေးလို့ အသင်းလူစာရင်းမှာ သူ့ကိုထည့်သွင်းဖို့မဖြစ်နိုင်သေးပါဘူး။ ဆိုးရွား
တော့အခြေအနေတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့စနေတုန်းက ကုသမှုတွေခံယူပြီး လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။ သူစပြေးနိုင်ခဲ့ပေမယ့် အချိန်အကြာကြီးတော့ လေ့ကျင့်ခန်းမပြုလုပ်နိုင်သေးပါဘူး။ ဒဏ်ရာကို ဂရုစိုက်နေရတုန်းပါ။ မနက်ဖြန်
လောက်မှ အဆင်သင့်ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲကိုတော့ သူကစားနိုင်မယ်မထင်ပါဘူး” ဟု ပြောကြားခဲ့သည်။

Photo: လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ဂျွန်တယ်ရီ (Getty Images)

comments

error: Content is protected !!