မာတာကိုထုတ်ပယ်ခြင်းမပြုမီ ၎င်း၏စိတ်နေသဘောထားကို ထည့်သွင်းစဉ်းစားသင့်ဟု ဗန်ဟားလ်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
bb
Photo: ထုတ်ပယ်ခံခဲ့ရသည့် ကွင်းလယ်လူမာတာ (Getty Images)

ကွင်းလယ်လူမာတာကို ထုတ်ပယ်ခြင်းမပြုမီ ၎င်းကစားသမား၏စိတ်နေစိတ်ထားကို ကွင်းလယ်ဒိုင်မိုက်ဒင်း ထည့်သွင်းစဉ်းစားသင့်ကြောင်း မန်ယူနည်းပြဗန်ဟားလ်က ပြောကြားခဲ့သည်။

ယမန်နေ့ညကကစားခဲ့သော ၀က်စ်ဘရွန်းအသင်းနှင့်ပွဲစဉ်တွင် ကွင်းလယ်ကစားသမားမာတာသည် ပွဲချိန် ၂၆ မိနစ်၌ ထုတ်ပယ်ခံခဲ့ရသဖြင့် မန်ယူအသင်းမှာ လက်ကျန်ပွဲချိန်များကို ၁၀ ယောက်ဖြင့်သာ ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ပွဲပြီး
ချိန်တွင် ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။

မာတာထုတ်ပယ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ နည်းပြဗန်ဟားလ်က “မာတာဟာ ဘယ်တော့မှပြိုင်ဘက်တစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ နာကျင်စေလိုတဲ့စိတ်မရှိဘူးဆိုတာ ဒိုင်လူကြီးသိသင့်ပါတယ်။ စည်းမျဉ်းတွေအရ အ၀ါကတ် ၂ ခြါ
ပခဲ့တာကိုနားလည်နိုင်ပေမယ့် အဲဒီပြစ်ဒဏ်ကိုကျူးလွန်တဲ့ကစားသမားအကြောင်းကို ဒိုင်တစ်ယောက်အနေနဲ့ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အတွေ့အကြုံရှိတဲ့ ဒိုင်လူကြီးတစ်ယောက်ဟာ ကစားသမားတွေအကြောင်းကိုရော၊ ကစား
ပွဲအကြောင်းကိုပါ ကောင်းကောင်းနားလည်ပါတယ်”ဟု ပြောကြားခဲ့သည်။

အသက် ၂၇ နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမားမာတာသည် ယခုပွဲမတိုင်မီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ကြိမ်မှထုတ်ပယ်ခံခဲ့ရဖူးခြင်းမရှိခဲ့ချေ။

Photo: ထုတ်ပယ်ခံခဲ့ရသည့် ကွင်းလယ်လူမာတာ (Getty Images)

comments

error: Content is protected !!