မော်ဒိုက်မတ်ဇီယာနှင့်ပွဲတွင် ယာမာရှိတ ပြန်လည်ပါဝင်နိုင်သော်လည်း ကျော်မင်းဦး လွဲချော်မည်
|
အောင်သော်ဖြိုး။
မတ် ၅။
ရန်ကုန်ယူနိုက်တက်၏ ဒဏ်ရာရကစားသမားများဖြစ်ကြသည့် ကျော်မင်းဦးနှင့် ဂျပန်လူမျိုးနောက်ခံလူ ယာမာရှိတတို့အနက် လာမည့် မတ်လ ၉ ရက်နေ့တွင် ယှဉ်ပြိုင်မည့် မော်ဒိုက်မတ်ဇီယာနှင့်ပွဲစဉ်၌ ယာမာရှိတ ပြန်လည် ပါဝင်လာနို
င်ပြီး ကျော်မင်းဦး ပါဝင်နိုင်မည်မဟုတ်ဟု ရန်ကုန်အသင်းအုပ်ချုပ်သူ ဦးမြင့်သိန်းက ပြောကြားခဲ့သည်။
ရန်ကုန်ကွင်းလယ်လူ ကျော်မင်းဦးသည် ၂၀၁၆ နေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်ဖြစ်သည့် မကွေးအသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်းပြုလုပ်သည့် အသင်းလေ့ကျင့်ခန်းအစီအစဉ်၌ အနည်းငယ်ထပ်မံထိခိုက်ခဲ့သဖြင့်
ဧပြီလ ၁၃ ရက်နေ့တွင်ယှဉ်ပြိုင်မည့် အိန္ဒိယကလပ် မိုဟမ်ပုဂံအသင်းနှင့် ပွဲစဉ်အထိ ပါဝင်နိုင်မည်မဟုတ်သော်လည်း ဂျပန်လူမျိုး ယာမာရှိတမှာ ဒဏ်ရာမှ သက်သာလာ၍ လာမည့်ပွဲစဉ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။
မော်ဒိုက်အခြေစိုက် မော်ဒိုက်မတ်ဇီယာနှင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်ကစားသမားများဖြစ်သည့် ကွင်းလယ်လူရန်အောင်ကျော်၊ သန်းထက်အောင်နှင့် ဇော်မင်းထွန်းတို့ပါဝင်နိုင်မည်မဟုတ်ဘဲ ကျော်မင်းဦးလည်း ဒဏ်ရာကြောင့်လွဲချော
်မည်ဖြစ်သည်။
AFC Cup 2016 အုပ်စု-ဆတွင်ကျရောက်နေသည့် ရန်ကုန်အသင်းသည် အဖွင့်ပွဲတွင် South China အသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရထားပြီး မတ်ဇီယာအသင်းသည် မိုဟမ်ပုဂံအသင်းအိမ်ကွင်းတွင် ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။
Photo: မော်ဒိုက်မတ်ဇီယာနှင့်ပွဲတွင် ပြန်လည်ပွဲထွက်မည့် ယာမာရှိတ (YUFC)
Next : ပီအက်စ်ဂျီနှင့်ပွဲကို နောက်ခံလူတယ်ရီလွဲချော်နိုင်