ချန်ပီယံဆုအတွက် အနည်းဆုံး ၉ ပွဲအနိုင်ရရန်လိုအပ်ဟု ပယ်လီဂရီနီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
ssss
Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ပယ်လီဂရီနီ (Getty Images)

မန်စီးတီးနည်းပြပယ်လီဂရီနီက ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားသိမ်းပိုက်ရန် လက်ကျန် ၁၁ ပွဲ၌ အနည်းဆုံး ၉ ပွဲအနိုင်ရရှိအောင် ကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအမှတ်ပေးဇယားအဆင့် ၄ နေရာတွင်ရပ်တည်လျက်ရှိသော မန်စီးတီးသည် ပရီးမီးယားလိဂ်နောက်ဆုံး ၃ ပွဲရှုံးပွဲကြုံပြီးနောက် ဦးဆောင်သူလက်စတာနှင့် ၁၀ အထိကွာဟသွားခဲ့သည်။

သို့သော် နည်းပြပယ်လီဂရီနီက ၇၅ မှတ်ရရှိလျှင် ချန်ပီယံဖြစ်နိုင်သည်ဟု ထင်မှတ်ထားကာ လက်ရှိတွင် ၄၇ မှတ်ရရှိထားသဖြင့် ၂၈ မှတ်ရှာဖွေရန်လိုအပ်နေသည်။

ချန်ပီယံဆုသိမ်းပိုက်ရေးနှင့်ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”လက်ရှိရလဒ်တွေဆိုးခဲ့ပေမယ့် ၃၃ မှတ်ရရှိအောင် ကြိုးစားခွင့်ရှိပါသေးတယ်။ ပရီးမီးယားလိဂ်ပထမရာသီဝက်မပြီးဆုံးခင်ကတည်းက အနည်းဆုံး ရမှတ် ၈၀ စုဆောင်းနို
င်ရင် ချန်ပီယံဖြစ်နိုင်တယ်လို့ ကျွန်တော်ပြောခဲ့ပြီးသားပါ။ ဒါကို လက်ခံဖို့ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ၇၅ မှတ်နဲ့အထက်ရရှိရင် ချန်ပီယံဖြစ်နိုင်ပါသေးတယ်” ဟု ပြောကြားခဲ့သည်။

Photo: သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ပယ်လီဂရီနီ (Getty Images)

comments

error: Content is protected !!