ဘွန်ဒက်စ်လီဂါမှာ ရင်ခုန်စရာပိုဖြစ်လာဟု ဂွါဒီယိုလာသုံးသပ်
|
ဘွန်ဒက်စ်လီဂါပြိုင်ဆိုင်မှုအား သုံးသပ်ခဲ့သည့် ဂွါဒီယိုလာ
ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အမှတ်ပေးဇယားကိုဦးဆောင်နေသည့် မိမိတို့အသင်း အံ့အားသင့်ဖွယ်အရှုံးကြုံခဲ့ပြီးနောက် ပရိသတ်များတောင့်တသည့်အတိုင်း ဘွန်ဒက်စ်လီဂါဘောလုံးရာသီမှာ ပိုမိုစိတ်လှုပ်ရှားစရာဖြစ်လာသည်ဟု သုံးသပ်လိုက်သည်။
ဘိုင်ယန်မြူးနစ်မှာ ဇန်န၀ါရီ ၂၂ ရက်နေ့က အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ ဒေါ့မွန်အား ၁၁ မှတ်ဖြတ်ထားနိုင်ခဲ့သော်လည်း ယနေ့ပွဲတွင် ဒေါ့မွန်ကို အရေးနိမ့်ခဲ့ပါက ၂ မှတ်အသာဖြင့်သာ ဦးဆောင်နိုင်တော့မည်ဖြစ်သည်။
“အားလုံးက ဘွန်ဒက်စ်လီဂါမှာ ပြိုင်ဆိုင်မှုပြင်းထန်တာ ပိုလိုချင်ကြတယ်။ အခုတော့ အဲဒီအတိုင်းဖြစ်လာပြီ”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်မှာ မိန့်ဇ်အား အရေးနိမ့်ခဲ့သည့်ပွဲမတိုင်မီအထိ အိမ်ကွင်းတွင် ပြိုင်ပွဲစုံ ၁၇ ပွဲ အနိုင်ရခဲ့ကာ ပြီးခဲ့သော မေလမှစ၍ ဘွန်ဒက်စ်လီဂါ ၂ ပွဲဆက် ရှုံးပွဲမရှိသေးချေ။
Prev : ချန်ပီယံလိဂ်ကိုပြောင်းလဲရန် ပရီးမီးယားလိဂ်ထိပ်သီး ၅ သင်း တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း ဖွင့်ဟ
Next : ယနေ့ညပွဲတွင် ရီးရဲလ်အတွက် ဂါရတ်ဘေးလ်ပြန်ကစားနိုင်မည်
Next : ယနေ့ညပွဲတွင် ရီးရဲလ်အတွက် ဂါရတ်ဘေးလ်ပြန်ကစားနိုင်မည်