ယနေ့ညပွဲတွင် ရီးရဲလ်အတွက် ဂါရတ်ဘေးလ်ပြန်ကစားနိုင်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရီးရဲလ်အတွက် ပြန်ကစားနိုင်တော့မည့် ဂါရတ်ဘေးလ်

ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ခြေသလုံးကြွက်သားဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ၂ လအတွင်း ပထမဆုံးပွဲအဖြစ် ဆဲလ်တာဗီဂိုနှင့်ကစားမည့် ယနေ့ညပွဲတွင် ပြန်လည်ပါဝင်လာမည်ဖြစ်သည်။

ဘေးလ်သည် လာလီဂါ ၈ ပွဲနှင့် ချန်ပီယံလိဂ်ပွဲစဉ်များကို လွဲချော်ခဲ့ရသော်လည်း ဆဲလ်တာဗီဂိုနှင့်ပွဲလူစာရင်းတွင် ရီးရဲလ်နည်းပြ ဇီဒန်းက ထည့်သွင်းထားသည်။

ရီးရဲလ်မှာ ဂါရတ်ဘေးလ်မပါဝင်သော လာလီဂါပွဲစဉ် ၇ ပွဲတွင် ၄ ပွဲအနိုင်ရခဲ့ပြီး လာလီဂါရာသီကုန်ရန် ၁၁ ပွဲကျန်ချိန်တွင် အဆင့် ၁ နေရာမှ ဘာစီလိုနာနှင့် ၁၂ မှတ်အကွာ အဆင့် ၃ နေရာ၌ ရပ်တည်နေသည်။

comments

error: Content is protected !!