အာဆင်နယ်တွင် နိုင်လိုစိတ်ပျောက်ဆုံးနေဟု ဆန်းချက်ဇ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆွမ်ဆီးနှင့်ပွဲတွင်တွေ့ရသည့် ဆန်းချက်ဇ်

အာဆင်နယ်ကစားသမား အဲလက်စ်ဆန်းချက်ဇ်က မိမိတို့အသင်းသည် မန်ယူနှင့် ဆွမ်ဆီးတို့ကို ၂ ပွဲဆက် မရှုံးနိမ့်မီကတည်းက ပရီးမီးယားလိဂ်ဖလားချန်ပီယံဖြစ်ရန် ယုံကြည်ချက်ကင်းမဲ့နေခဲ့သည်ဟု ပြောကြားလိုက်သည်။

အာဆင်နယ်မှာ အိုးထရက်ဖို့ဒ်တွင် အရှုံးကြုံတွေ့ပြီးနောက် အမ်းမရိတ်စ်တွင် ဆွမ်ဆီးကို ထပ်မံဒူးထောက်ခဲ့ရသည့်အတွက် အမှတ်ပေးဇယားအဆင့် ၁ မှ လက်စတာနှင့် ၆ မှတ်ကွာဟနေသည်။

“တစ်ခါတရံမှာ ကျွန်တော်တို့ ၁-၀ နဲ့နိုင်နေတာတောင် နိုင်လိုစိတ်ပျောက်ဆုံးနေတတ်တယ်။ ချန်ပီယံဖြစ်မယ်ဆိုတဲ့ယုံကြည်ချက်ရဖို့ အောင်ပွဲဆာလောင်မှု ပျောက်ဆုံးနေတယ်။ အဲဒီလို အောင်ပွဲဆာလောင်မှုသာရှိမယ်ဆိုရင် ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်မှာပါ အောင်မြင်နိုင်တယ်။ မနှစ်က မန်ယူနဲ့ကစားခဲ့တဲ့ပွဲကို သတိရမိတယ်။ အဲဒီပွဲတုန်းက ကျွန်တော့်အသင်းဖော်တွေက ယုံကြည်ချက်၊ အောင်ပွဲဆာလောင်မှုအပြည့်နဲ့ ကွင်းထဲဝင်ခဲ့တော့ ပထမပိုင်း မိနစ် ၂၀ မှာပဲ ၃ ဂိုးပြတ်သွင်းနိုင်ခဲ့တယ်”ဟု ဆန်းချက်ဇ်က ဖွင့်ဟခဲ့သည်။

ဆွမ်ဆီးကိုအရေးနိမ့်အပြီးတွင် အာစင်ဝင်းဂါးကလည်း မိမိအသင်းမှာ ယုံကြည်မှုပြဿနာရှိနေသည့်ပုံစံပေါက်နေသည်ဟု ထုတ်ဖော်ပြောကြားထားသည်။

comments

error: Content is protected !!