ချန်ပီယံဖြစ်လိုလျှင် ထပ်မံခြေချော်၍မရဟု ကွန်ပနီသတိပေး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အမှားထပ်လုပ်ရန်မဖြစ်နိုင်တော့ဟုဆိုခဲ့သည့် ကွန်ပနီ

မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိုလျှင် ထပ်မံခြေချော်၍မရနိုင်တော့ကြောင်း သတိပေးပြောကြားလိုက်သည်။

မန်စီးတီးမှာ လီဗာပူးကို ဗုဒ္ဓဟူးနေ့က ၃-၀ ဖြင့် အရှုံးပေးခဲ့ရပြီးနောက် ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ပြိုင်ဘက် အာဆင်နယ်၊ စပါးတို့လည်း အသီးသီးရှုံးပွဲကြုံခဲ့သော်လည်း အမှတ်ပေးဇယားထိပ်မှ လက်စတာနှင့် ၁၀ မှတ်ကွာဟသွားခဲ့သည်။

“နောက်ထပ် ထပ်မှားလို့မဖြစ်တော့ဘူး။ ဒါပေမဲ့ တခြားအသင်းတွေလည်း ရှုံးလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။ ဒီရာသီက တော်တော်ထူးဆန်းတယ်။ ပရိသတ်တွေအတွက် ကောင်းပေမယ့် ဘာကိုမှ ခန့်မှန်းထားလို့မရဘူး။ ဒီရာသီအတွက် သေချာတာက ဘာမှမသေချာဘူးဆိုတဲ့အချက်ပဲရှိတယ်။ ဒီတစ်ပတ်အခြေအနေကို စောင့်ကြည့်ရမယ်။ အာဆင်နယ်နဲ့ စပါး ထိပ်တိုက်တွေ့မယ့်အချိန်မှာ ကျွန်တော်တို့က ဇယားကြမ်းခင်းရောက်နေတဲ့ ဗီလာကို အိမ်ကွင်းမှာကစားရမှာပါ။ ကျွန်တော်တို့အတွက် ၃ မှတ်လိုတယ်။ လက်စတာလည်း အမှတ်ဆုံးရှုံးသွားနိုင်တယ်လေ”ဟု ကွန်ပနီက ပြောကြားခဲ့သည်။

မန်စီးတီးမှာ ယခုရာသီတွင် ပရီးမီးယားလိဂ်ရှုံးပွဲ ၈ ပွဲရှိထားပြီး လက်စတာမှာ ၃ ပွဲသာအရေးနိမ့်ထားကာ မန်စီးတီးက ပွဲကျန် ၁ ပွဲရှိသေးသဖြင့် ထိပ်ဆုံး ၃ သင်းက ၁၀ ပွဲကျန်ချိန်တွင် ၎င်းတို့က ၁၁ ပွဲကစားရန် ကျန်ရှိနေသေးသည်။

comments

error: Content is protected !!