ချန်ပီယံလိဂ်ကိုပြောင်းလဲရန် ပရီးမီးယားလိဂ်ထိပ်သီး ၅ သင်း တွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီတွင်အသုံးပြုနေသည့် ချန်ပီယံလိဂ်ဘောလုံး

ချဲလ်ဆီး၊ မန်ယူ၊ မန်စီးတီး၊ လီဗာပူးနှင့် အာဆင်နယ်စသော ပရီးမီးယားလိဂ်ထိပ်သီးအသင်းများသည် ချန်ပီယံလိဂ်ပြိုင်ပွဲအနာဂတ်နှင့် အသင်းကြီးများကိုတိုက်ရိုက်ဝင်ခွင့်ပြုစေမည့် အဆိုပြုချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း ဖွင့်ဟသွားခဲ့သည်။

ဥရောပအသင်းကြီးအချို့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူလအတိုင်း အမှတ်ပေးဇယားအဆင့်သတ်မှတ်ချက်ဖြင့် ၀င်ရောက်သောအသင်းများသာမက ဘောလုံးလောက၏နာမည်ကြီးအသင်းများအား အဆင့်သတ်မှတ်ချက်ကိုမကြည့်ဘဲ ၀င်ခွင့်ပြုစေရန်အတွက် အကြံပြုချက်များရှိခဲ့သည်။

သို့သော် မန်ယူ၊ လီဗာပူးနှင့် ချဲလ်ဆီးတို့မှာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံး ၄ စာရင်းဝင်ရန် မသေချာသောကြောင့် အဆင့်သတ်မှတ်ချက်ကိုမကြည့်ဘဲ ၀င်ခွင့်ပြုမည်ဆိုလျှင် ချန်ပီယံလိဂ်တွင် ပရီးမီးယားလိဂ်အသင်းများ များပြားနေမည်ကို သတိပြုမိကြောင်း အဆိုပါဆွေးနွေးပွဲတွင် ဖွင့်ဟသွားခဲ့သည်။

ပြည်တွင်းလိဂ်များတွင် ပြိုင်ဆိုင်မှုနည်းပါးသောကြောင့် ဘောလုံးရာသီတိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရနေသော ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာကဲ့သို့အသင်းများမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ပရိသတ်များကိုပိုမိုဆွဲဆောင်နိုင်ရန်အတွက် နာမည်ကြီးအသင်းများနှင့်ပွဲစဉ်များကို ပိုမိုကစားလိုနေကြသည်။

comments

error: Content is protected !!