အသင်းရလဒ်များနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အာစင်ဝင်းဂါးဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသင်းရလဒ်များနှင့်ပတ်သက်၍ စိုးရိမ်မိသည်ဟုဆိုခဲ့သည့် အာစင်ဝင်းဂါး

ယမန်နေ့ညက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၃ ပွဲဆက်အရှုံးကြုံတွေ့ခဲ့သော ချန်ပီယံပြေးလမ်းပေါ်မှ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက လတ်တလောအသင်းရလဒ်များနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

စပါးက ၀က်စ်ဟမ်းကိုလည်းကောင်း၊ မန်စီးတီးက လီဗာပူးကိုလည်းကောင်း အသီးသီရှုံးနိမ့်ခဲ့ခြင်းကို အာဆင်နယ်အသင်းအခွင့်ကောင်းမယူနိုင်ခဲ့ဘဲ ဆွမ်ဆီးကို ၂-၁ ဖြင့်ရှုံးနိမ့်ခဲ့ကာ အမှတ်ပေးဇယားဦးဆောင်သူလက်စတာနှင့် ၆ မှတ်ကွာဟသွားခဲ့ပြီး ၀င်းဂါးက ရလဒ်ကောင်းများရအောင်ပြန်လည်စွမ်းဆောင်ရန်လိုကြောင်း ဖွင့်ဟသွားခဲ့သည်။

“အခုလတ်တလော အသင်းရလဒ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ စိတ်ကူးယဉ်နေလို့မဖြစ်ပါဘူး။ လက်တွေ့ကျကျနဲ့ ရလဒ်ကောင်းတွေရအောင် အကောင်းဆုံးလုပ်ပြနိုင်ဖို့လိုပါတယ်။ ဒါဟာစိတ်ပျက်စရာကောင်းတဲ့ ရလဒ်တစ်ခုပါ။ ကစားသမားတွေလည်း စိတ်ဓာတ်ကျနေကြပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ အကောင်းဆုံးတုံ့ပြန်ပြီး ရလဒ်ကောင်းတွေပြန်ရအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် နောက်ခံလူကိုစီရယ်နီနှင့် ဂိုးသမားပီတာချက်တို့ဒဏ်ရာရရှိခဲ့ပြီး အာဆင်နယ်သည် ၂၀၁၀ ဘောလုံးရာသီနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ၃ ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းလည်းဖြစ်သည်။

comments

error: Content is protected !!