ဒဏ်ရာကြောင့် စပါးနှင့်ယှဉ်ပြိုင်မည့် လန်ဒန်ဒါဘီပွဲကို ပီတာချက်လွဲချော်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzz
Photo: ဒဏ်ရာရရှိခဲ့သည့် ပီတာချက် (Getty Images)

အာဆင်နယ်ဂိုးသမားပီတာချက်သည် ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် ယခုတစ်ပတ်စနေနေ့၌ လန်ဒန်မြောက်ပိုင်းဒါဘီအဖြစ် စပါးနှင့်ကစားမည့်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း နည်းပြအာ
စင်ဝင်းဂါးက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိခဲ့သော ဂိုးသမားပီတာချက်နှင့်ပတ်သက်၍ နည်းပြအာစင်ဝင်းဂါးက ”ပီတာချက်ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော့်အထင်ပြောရရင် ဒီဒဏ်ရာကြောင့် စပါးနဲ့ပွဲကို သူလွဲချော်နိုင်ပါတယ်။ ဒါပေမဲ့ အော့စ်ပီနာကို ထည့်သွင်းကစားရမယ်
ဆိုရင်လည်း သူ့အပေါ်မှာ ယုံကြည်မှုအပြည့်အ၀ရှိပြီးသားပါ” ဟု ပြောကြားခဲ့သည်။

ဂိုးသမားပီတာချက်၏ဒဏ်ရာကို ယနေ့တွင်စမ်းသပ်စစ်ဆေးမည်ဖြစ်ကြောင်းသိရပြီး ဒဏ်ရာနှင့်ပတ်သက်၍ အခြေအနေကောင်းမွန်ရန် အာဆင်နယ်ဘက်မှ မျှော်လင့်နေသည်။

Photo: ဒဏ်ရာရရှိခဲ့သည့် ပီတာချက် (Getty Images)

comments

error: Content is protected !!