ရော်နယ်ဒို၏ညာခြေထက် မက်ဆီ၏ဘယ်ခြေကိုရွေးချယ်မည်ဟု နေမာပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
နေမာ၊ မက်ဆီနှင့် ရော်နယ်ဒိုတို့ကို ရွှေဘောလုံးဆုပေးပွဲတွင် အတူတွေ့ရစဉ်

ဘာစီလိုနာတိုက်စစ်မှူးနေမာသည် မက်ဆီ၏ဘယ်ခြေထောက်နှင့် ရော်နယ်ဒို၏ညာခြေထောက်တို့အနက် မည်သူ၏ခြေထောက်ကိုရွေးချယ်မည်နည်းဟု အင်တာဗျူးတစ်ခုတွင်မေးမြန်းခံခဲ့ရချိန်၌ “ရော်နယ်ဒိုကိုမလေးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ မက်ဆီရဲ့ဘယ်ခြေကို ကျွန်တော်ရွေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ညာခြေကလည်း အရမ်းအသုံးဝင်တယ်လေ”ဟု ရယ်ရယ်မောမောဖြေကြားသွားခဲ့သည်။

ပီလီနှင့်မက်ဆီ ၂ ဦးအနက် တစ်ဦးကိုရွေးချယ်ခိုင်းချိန်တွင် နေမာက”ပီလီကစားတာကို မမြင်ဖူးပါဘူး။ ကျွန်တော့်အဖိုးက ပီလီဘယ်လိုကစားတယ်ဆိုတာ အမြဲပြောပြလေ့ရှိပါတယ်။ ကျွန်တော့်အဖိုးပြောပြသလောက်ပဲ သူ့အကြောင်းကိုကျွန်တော်သိတာပါ။ မက်ဆီနဲ့က အတူတူတွဲကစားရတဲ့အတွက် သူ့ခြေစွမ်းကိုကောင်းကောင်းသိပါတယ်။ အဲဒါကြောင့် ဒီမေးခွန်းကိုဖြေဖို့ခက်ပါတယ်။ ဒါပေမဲ့ ၂ ယောက်စလုံးကတော့ ဘောလုံးပါရမီရှင်တွေပါပဲ”ဟု ပြောကြားခဲ့သည်။

ရီးရဲမက်ဒရစ်နှင့် မန်စီးတီးတို့အနက် အနိုင်ယူလိုသောအသင်းကို မေးမြန်သည်ကိုလည်း နေမာက”မန်စီးတီးကိုနိုင်တာထက် ရီးရဲလ်ကိုနိုင်တာကို ကျွန်တော်ပိုဝမ်းသာမှာပါ”ဟု ဖွင့်ဟသွားခဲ့သည်။

comments

error: Content is protected !!