ချန်ပီယံဖြစ်နိုင်ဆုံးအသင်းမှာ စပါးဖြစ်ကြောင်း ရေနီယာရီဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzzzzzz
Photo: သတင်းစာရှင်းလင်းပွဲတွင်မြင်တွေ့ရသည့် ရေနီယာရီ (Getty Images)

လက်စတာနည်းပြရေနီယာရီက အမှတ်ပေးဇယားဒုတိယနေရာမှ စပါးအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဆုံးအသင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပွဲစဉ် ၁၁ ပွဲကျန်ရှိချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှဦးဆောင်သူ လက်စတာ၏နောက် ၂ မှတ်အကွာတွင်ရပ်တည်ထားနိုင်သောစပါးသည် အဆင့် ၁ နေရာကို ၂၀၀၉-၂၀၁၀ ဘောလုံးရာသီပထမရက်သတ္တပတ်က နောက်ဆုံးအကြိ
မ်တက်လှမ်းနိုင်ခဲ့ဖူးသည်။

“စပါးဟာ အခြေအနေအရပ်ရပ်အတွက် အင်အားကြီးမားတဲ့အသင်းတစ်သင်းပါ။ လူတိုင်းဟာလက်စတာအကြောင်းပဲပြောနေကြတယ်။ စပါးအကြောင်းတော့မပြောကြပါဘူး။ ဒါပေမဲ့ ကျွန်တော့်အထင်ပြောရရင် စပါးဟာ ချန်ပီယံဆုအ
တွက် အဖြစ်နိုင်ဆုံးအသင်းပါပဲ။ ကျွန်တော်တို့အသင်းဟာ အံ့သြမှုတွေလုပ်ဆောင်ပြနိုင်ခဲ့ပေမယ့် လက်တွေ့ကျကျပြောရရင် အမှန်တကယ်ယှဉ်ပြိုင်တဲ့သူတွေက မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးအသင်းပါ”ဟု ပြောကြားခဲ့သည်။

စပါးသည်ဗုဒ္ဓဟူးနေ့တွင် ၀က်စ်ဟမ်းအသင်းနှင့်လည်းကောင်း၊ လက်စတာက ယနေ့ညတွင် ၀က်စ်ဘရွန်းအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Photo: သတင်းစာရှင်းလင်းပွဲတွင်မြင်တွေ့ရသည့် ရေနီယာရီ (Getty Images)

comments

error: Content is protected !!