ဒဏ်ရာကြောင့် လက်စတာကွင်းလယ်လူကန်တီ ပွဲစဉ် ၂ ပွဲလွဲချော်ဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzz
Photo: ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူကန်ကီ (Getty Images)

လက်စတာကွင်းလယ်လူအန်ဂိုလိုကန်တီသည် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးနောက် လာမည့်ပွဲစဉ် ၂ ပွဲကို လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

အသက် ၂၄ နှစ်ရှိ အဆိုပါကွင်းလယ်လူသည် ၁-၀ ဂိုးဖြင့် နောဝစ်ခ်ျကို အနိုင်ရရှိခဲ့သောပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ယနေ့ညတွင်ကစားမည့် ၀က်စ်ဘရွန်းနှင့်ပွဲအပါအ၀င် စနေနေ့ပွဲစဉ်ဖြစ်သော ၀က်ဖို့ဒ်နှင့်အဝေးကွင်းပွဲကိုပါ လွဲ
ချော်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ကွင်းလယ်လူကန်တီသည် ယခုနှစ်ဘောလုံးရာသီတွင် လိဂ်ပွဲစဉ်အားလုံးပါဝင်ကစားထားသူဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲ ၃၀ ကစားပေးထားကာ
လက်စတာအတွက် ခြေစွမ်းပြထားသူဖြစ်သည်။

ထိုကစားသမား၏နေရာတွင် ကွင်းလယ်လူအန်ဒီကင်းကို အစားထိုးအသုံးပြုသွားမည်ဖြစ်ကြောင်း လက်စတာနည်းပြရေနီယာရီက ပြောကြားထားသည်။

Photo: ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူကန်ကီ (Getty Images)

comments

error: Content is protected !!