မက်ဒရစ်ဒါဘီတွင် ရှုံးပွဲကြုံပြီးနောက် ချန်ပီယံမျှော်လင့်ချက်ပြီးဆုံးခဲ့သည်ဟု ဇီဒန်းဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzzzz
Photo: မက်ဒရစ်ဒါဘီရှုံးပွဲကြောင့် စိတ်ပျက်နေသည့် ဇီဒန်း (Getty Images)

ရီးရဲလ်နည်းပြဇီဒန်းက အက်သလက်တီကိုနှင့်ယှဉ်ပြိုင်ခဲ့သော မက်ဒရစ်ဒါဘီပွဲတွင် ၁-၀ ဂိုးဖြင့်အရေးနိမ့်ခဲ့သဖြင့် လာလီဂါချန်ပီယံဆုရရှိတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပွဲတွင် ဂရစ်ဇ်မန်း၏သွင်းဂိုးဖြင့် အက်သလက်တီကိုအနိုင်ရခဲ့ခြင်းဖြစ်ပြီး ရှုံးပွဲကြုံခဲ့သည့်ရီးရဲလ်မှာ အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနှင့် ရမှတ် ၁၂ မှတ်အထိကွာဟသွားသောကြောင့် ရီးရဲလ်နည်းပြဇီဒန်းက ယခုကဲ့သို့ပြော
ကြားခဲ့ခြင်းဖြစ်သည်။

အသက် ၄၃ နှစ်ရှိ နည်းပြဇီဒန်းက ”ချန်ပီယံမဖြစ်နိုင်တော့ပါဘူး။ ဒီပြိုင်ပွဲက အမြဲတမ်းခက်ခဲခဲ့တဲ့ပြိုင်ပွဲပါ။
အက်သလက်တီကိုနဲ့ပွဲမှာ ရှုံးမယ်ဆိုရင် ပိုပြီးခက်ခဲသွားလိမ့်မယ်လို့ ကစားသမားတွေကို ကျွန်တော်ပြောပြီးသားပါ။ ဒီဆုဖလားကို
လုံးဝတော့လက်မလွှတ်နိုင်သေးပါဘူး။ ဘာမဆိုဖြစ်လာနိုင်ပါသေးတယ်။ အခုပွဲရှုံးသွားတဲ့အတွက် ကျွန်တော်စိတ်ပျက်မိပါတယ်။ ကျွန်တော်နဲ့အသင်းအတွက်အရေးကြီးတဲ့အချက် နောက်ပွဲအတွက် ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကျွန်
တော်တို့ပြင်ဆင်ခဲ့သလိုမျိုး ပွဲမှာမကစားနိုင်ခဲ့ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ပိုပြီးအားစိုက်ကစားဖို့လိုအပ်နေပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့ပွဲမှာ ပြင်းပြင်းထန်ထန်ကစားရမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Photo: မက်ဒရစ်ဒါဘီရှုံးပွဲကြောင့် စိတ်ပျက်နေသည့် ဇီဒန်း (Getty Images)

comments

error: Content is protected !!