ရက်ခ်ျဖို့ဒ်သည် ထူးခြားသောခြေစွမ်းခြေစရှိသည့် လူငယ်တစ်ဦးဖြစ်ကြောင်း နည်းပြဗန်ဟားလ်ချီးကျူး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဗန်ဟားလ်နှင့် ၀င်းဂါး၏ချီးကျူးမှုခံခဲ့ရသော ရက်ခ်ျဖို့ဒ်

မန်ယူဆယ်ကျော်သက်တိုက်စစ်မှူး မားကပ်စ်ရက်ခ်ျဖို့ဒ်သည် ထူးခြားကောင်းမွန်သော ခြေစွမ်းခြေစရှိသည့် လူငယ်ကစားသမားတစ်ဦးဖြစ်ကြောင်း နည်းပြဗန်ဟားလ်က ချီးကျူးခဲ့သည်။

အသက် ၁၈ နှစ်သာရှိသေးသောရက်ခ်ျဖို့ဒ်သည် ယမန်နေ့ညက အာဆင်နယ်ကို ၃-၂ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် မန်ယူအတွက် ၃ မိနစ်အတွင်း ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး မန်ယူအသင်းကြီးအတွက် ပွဲဦးထွက်အဖြစ်ကစားခဲ့သော မစ်ဂျေလန်းနှင့် ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

“လူငယ်ကစားသမားအများစုဟာ သူတို့ရဲ့ပွဲဦးထွက်မှာအကောင်းဆုံး ကစားပြကြပေမယ့် ဒုတိယပွဲမှာတော့ထင်သလောက် ခြေစွမ်းမပြနိုင်တတ်ကြပါဘူး။ ရက်ခ်ျဖို့ဒ်တော့ ၂ ပွဲဆက်အကောင်းဆုံးကစားပြနိုင်ခဲ့လို့ ထူးထူးခြားခြားခြေစွမ်းခြေစရှိတဲ့ကစားသမားလို့ ပြောလို့ရပါတယ်။ သူဟာ ပထမပွဲထက်တောင် ပိုကောင်းအောင်ကစားပြနိုင်ခဲ့ပါတယ်”ဟု ဗန်ဟားက ပြောကြားခဲ့သည်။

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးကလည်း ရက်ခ်ျဖို့ဒ်၏စွမ်းဆောင်ရည်မှာ အထင်ကြီးစရာကောင်းကြောင်း ဖွင့်ဟခဲ့သည်။

“ရက်ခ်ျဖို့ဒ်ရဲ့နေရာယူတတ်မှုနဲ့ ဖြတ်ထိုးဉာဏ်တွေက ကျွန်တော့်ကိုအံ့အားသင့်စေခဲ့ပါတယ်။ သူဟာ ပယ်နယ်တီဧရိယာထဲမှာ နေရာပုံကောင်းမွန်ပြီး ကျွန်တော်ဒီနေ့မြင်ခဲ့ရတဲ့ သူ့ခြေစွမ်းကတော့ မန်ယူအတွက် အံ့သြ၀မ်းသာစရာပါ”ဟု ၀င်းဂါးကပြောကြားခဲ့သည်။

comments

error: Content is protected !!