ရာသီဝက်တွင် ပြည်ပကစားသမားများ အပြောင်းအလဲလုပ်မည်မဟုတ်ဟု မကွေးနည်းပြချုပ်ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဇွဲကပင်နှင့်ပွဲတွင်တွေ့ရသည့် မကွေးအသင်းခေါင်းဆောင် ဒီဂျန်(ယာ)

အောင်သော်ဖြိုး။
ဖေဖော်ဝါရီ ၂၉။

မြန်မာနေရှင်နယ်လိဂ်ကလပ် မကွေးအက်ဖ်စီမှ လက်ရှိပြည်ပကစားသမားများမှာ အသင်းနှင့် အံဝင်နေသည့်အတွက် ရာသီဝက်တွင် အပြောင်းအလဲပြုလုပ်မည်မဟုတ်ကြောင်း မကွေးနည်းပြချုပ် ဦးကြည်လွင်က ဆိုသည်။

“ဒီကစားသမားတွေက မကွေးအသင်းနဲ့ မိသားစုလိုဖြစ်နေပါပြီ။ အသင်းနည်းစနစ်နဲ့လည်း အံဝင်နေတာကြောင့် အပြောင်းအလဲလုပ်မှာမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

မကွေးအက်ဖ်စီသည် ၂၀၁၆ ဘောလုံးရာသီအစတွင် ရန်ကုန်၊ ဧရာဝတီစသည့်အသင်းများကို အနိုင်ရခဲ့သော်လည်း ချင်းယူနိုက်တက်နှင့် ဇေယျာရွှေမြေတို့ကို ရှုံးနိမ့်ခဲ့ပြီး ရခိုင်၊ ဟော်ရီဇွန်၊ဆောက်သမ်းမြန်မာတို့အား သရေကျခဲ့သဖြင့် ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်နှင့်ပွဲစဉ်တွင် နိုင်ပွဲပြန်လည်ရရှိခဲ့ကာ အဆိုပါပွဲတွင် ပြည်ပကစားသမားများ ခြေစွမ်းကောင်းမွန်ခဲ့သည့်အပြင် တိုက်စစ်မှူး ဆယ်လာက တစ်ဂိုးသွင်းယူပေးခဲ့သည်။

မကွေးအက်ဖ်စီကစားသမားများသည် ရန်ကုန်၊ ဧရာဝတီတို့ကို အနိုင်ရပြီးနောက်ပိုင်း စိတ်ဓာတ်ပိုင်းအားနည်းနေသည့်အတွက် ဇွဲကပင်နှင့်ပွဲမတိုင်မီတွင် အသင်းသားများ၏စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ပေးခဲ့ရပြီး ဇွဲကပင်နှင့်ပွဲစဉ်တွင် ခြေစွမ်းမှန်ပြန်လည်ပြသနိုင်ခဲ့သည့်အတွက်လည်း ကျေနပ်မိကြောင်း နည်းပြချုပ်ဖြစ်သူ ဦးကြည်လွင်က ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!