လာလီဂါဖလားရရှိရေး လက်မလျှော့သေးဟု ရီးရဲလ်နည်းပြ ဇီဒန်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရီးရဲလ်နည်းပြဇီဒန်းနှင့် ရော်နယ်ဒိုတို့ကို အတူတွေ့ရစဉ်

ရီးရဲလ်နည်းပြ ဇီဒန်းက ယနေ့ကစားမည့် အက်သလက်တီကိုနှင့် မက်ဒရစ်ဒါဘီတွင် အရေးနိမ့်ခဲ့လျှင်လည်း လာလီဂါဖလားရရှိရေးအတွက် လက်လျှော့သွားမည်မဟုတ်ဟု ပြောကြားလိုက်သည်။

မက်ဒရစ်ဒါဘီကစားရမည့် ရီးရဲလ်တွင် ဒဏ်ရာရနေသော ဂါရတ်ဘေးလ်ပါဝင်နိုင်မည်မဟုတ်ဘဲ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုတွင် ပွဲစဉ် ၁၃ ပွဲကျန်ချိန်၌ အဆင့် ၁ နေရာမှ ဘာစီလိုနာနှင့် ၉ မှတ်အကွာ၊ အက်သလက်တီကိုနှင့် ၁ မှတ်အကွာ အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။

“ဘာတွေ ဘယ်လိုဖြစ်ဖြစ် လာလီဂါဖလားကို လက်ပြမှာမဟုတ်ပါဘူး။ နောက်ဆုံးအချိန်အထိ လက်လျှော့သွားမှာ မဟုတ်ပါဘူး။ အမှတ်ယူနိုင်မယ့်ပွဲတွေ ကျန်ပါသေးတယ်။ အက်သလက်တီကိုက ပီအက်စ်ဗီနဲ့ ချန်ပီယံလိဂ်ပွဲကစားပြီး ၃ ရက်အကြာမှာ ဒါဘီပွဲကစားရလို့ ပြင်ဆင်ချိန်နည်းတယ်လို့ ဝေဖန်နေပေမယ့် ပွဲစဉ်ဇယားက ကျွန်တော်ဆွဲထားတာ မဟုတ်ပါဘူး”ဟု ဇီဒန်းက ပြောကြားခဲ့သည်။

ထို့အပြင် တိုက်စစ်မှူးရော်နယ်ဒိုကလည်း ဒါဘီပွဲနှင့်ပတ်သက်၍”ဒီပွဲက အရေးကြီးတယ်။ ကိုယ့်ပရိသတ်ရှေ့မှာ ခံစစ်ကောင်းတဲ့အသင်းနဲ့ ကစားရမှာဆိုပေမယ့် နိုင်မှဖြစ်မှာပါ။ လာလီဂါပြိုင်ပွဲက ခက်ခဲပေမယ့် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားပါမယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!