ဖီဖာဥက္ကဋ္ဌအဖြစ် ယူအီးအက်ဖ်အေအထွေထွေအတွင်းရေးမှူး အင်ဖန်တီနို ရွေးကောက်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဖီဖာဥက္ကဋ္ဌသစ်နှင့်အတူတွေ့ရသည့် မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ

ယူအီးအက်ဖ်အေအထွေထွေအတွင်းရေးမှူး ဂျီယန်နီအင်ဖန်တီနိုမှာ တစ်နိုင်ငံတည်းသားဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ၏နေရာကို ဆက်ခံရမည့် ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရှိရသည်။

အင်ဖန်တီနိုမှာ ဆန္ဒမဲပေးမှုတွင် ၁၁၅ မဲရရှိခဲ့ပြီး ဒုတိယနေရာမှ ရှိတ်ဆယ်လ်မန်ဘင်အီဘရာဟင်အယ်လ်ခါလီဖာထက် ၂၇ မဲ အသာရခဲ့ကာ မင်းသားအလီဘင်အယ်လ်ဟူစိန်က ၄ မဲ၊ ဂျရုန်းရှန်ပိန်က မဲမရရှိခဲ့ပေ။

အသက် ၄၅ နှစ်အရွယ် ရှေ့နေတစ်ဦးဖြစ်သူ အင်ဖန်တီနိုမှာ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလာတီနီ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲဝင်ခွင့်မရှိမှုကြောင့် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်ခံရပြီးနောက်”ဘောလုံးလောကကို ဖီဖာနဲ့ ပြန်ပေါင်းစပ်နိုင်ဖို့၊ ဖီဖာကို ဘောလုံးလောကနဲ့ ပြန်ပေါင်းစပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။ အဲဒါကိုပဲ ဖြစ်အောင်လုပ်ချင်ပါတယ်။ ဖီဖာရဲ့ဂုဏ်သိက္ခာနဲ့ လေးစားမှုကို ပြန်အဖတ်ဆယ်သွားပါမယ်။ အားလုံးနဲ့အတူ ဖီဖာခေတ်သစ်ကို တည်ဆောက်ပြီး ဘောလုံးလောကရဲ့ဗဟိုချက် ပြန်ဖြစ်အောင် ကြိုးစားသွားပါမယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!