ရတနာပုံအသင်ကိုကျော်ဖြတ်ပြီး ရလဒ်ဆိုးတွေကနေ ရှမ်းယူနိုက်တက်ရုန်းထွက်နိုင်မလား စောင့်ကြည့်ရမယ့် Ooredoo MNL-2016 (Week -8) ပွဲစဉ်များ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
zzzz
Photo: လေ့ကျင့်ရေးကွင်းမှ ရှမ်းယူနိုက်တက် ကစားသမားများ (shan united fc)

ဟော်ရီဇွန် – ချင်းယူနိုက်တက် ၂၆-၆-၂၀၁၆၊ ညနေ ၄နာရီ၊ သုဝဏ္ဏကွင်း

ခြေရည်တူ အသင်းနှစ်သင်းဖြစ်တာကြောင့် ဒီပွဲဟာ ကြည့်ကောင်းမယ်ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ ရှုံးပွဲတွေဆက်နေတဲ့ ဟော်ရီဇွန်အသင်း ဒီပွဲမှာ အားနည်းချက်တွေကို ပြင်နိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။ ချင်းယူနိုက်တက်အသင်း
ဟာလည်း ပုံမှန်ခြေစွမ်းမတည်ငြိမ်သေးပေမယ့် ဒီပွဲမှာအနိုင်ရဖို့ အနည်းငယ်အားသာနေပါတယ်။ ဘယ်အသင်းအနိုင်ရမလဲဆိုတာ ဒီကနေ့ညနေပိုင်း သုဝဏ္ဏကွင်းမှာ အဖြေထုတ်ကြပါလိမ့်မယ်။

ဟံသာဝတီ – ဇေယျာရွှေမြေ ၂၇-၆-၂၀၁၆၊ ညနေ ၄နာရီ၊ သုဝဏ္ဏကွင်း

ဇေယျာရွှေမြေအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်က မကွေးကိုအနိုင်ရထားတဲ့အသင်းဖြစ်လို့ လက်ရှိအချိန်မှာ စိတ်ဓာတ်ပိုင်းအားသာချက်ရှိနေသလို ဟံသာဝတီအသင်းကလည်း ပြီးခဲ့တဲ့ပွဲစဉ်က ဆောက်သမ်းမြန်မာအသင်းကို သရေကျခဲ့ပါတယ်။
ဟံသာဝတီအသင်းမှာ မောင်မောင်လွင်၊ အိုင်ဗန်တို့ခြေစွမ်းမပြရင် အသင်းကစားကွက်က အားရစရာမရှိတာကြောင့် ဒီပွဲမှာ ဟံသာဝတီတို့ ဘောလုံးရာသီအစကလို အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့ အသင်းတစ်သင်းပြန်ဖြစ်လာမလား။
ဇေယျာရွှေမြေကပဲအနိုင်ရပြီး ထိပ်ပိုင်းအသင်းတွေနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်မလားစောင့်ကြည့်ရမှာပါ။

ရှမ်းယူနိုက်တက် – ရတနာပုံ ၂၇-၂-၂၀၁၆ ညနေ ၃:၃၀ နာရီ၊ တောင်ကြီးကွင်း

နည်းပြအပြောင်းအလဲတွေရှိခဲ့ပြီး ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့ ရှမ်းယူနိုက်တက်အသင်းအိမ်ကွင်းမှာ အမှတ်ပေးဇယား အဆင့်-၁ နေရာက ရတနာပုံတို့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရတနာပုံအသင်းက လက်ရှိအချိန်ထိ ရှုံးပွဲ
မတွေ့သေးဘဲ ပုံမှန်ခြေစွမ်းရှိနေတဲ့အသင်းဖြစ်တာကြောင့် ရှမ်းယူနိုက်တက်အသင်း ရုန်းကန်ရမှာပါ။ ဒီပွဲမှာ ရှမ်းယူနိုက်တက် မထင်မှတ်ဘဲ အနိုင်ရခဲ့မယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ အလိုမကျမှုတွေကို ပြန်လည်ပြေပျောက်စေပြီး အ
သင်းသားတွေ စိတ်ဓာတ်တက်ကြွလာမှာသေချာပါတယ်။ အခုပွဲမှာ ရှမ်းယူနိုက်တက်က အနိုင်ရသွားမလား။ ရတနာပုံအသင်းကပဲ ရှုံးပွဲမရှိစံချိန် ဆက်ထိန်းသိမ်းနိုင်မလားဆိုတာ နှစ်ဖက်အသင်းပရိသတ်တွေစိတ်ဝင်စားနေမယ်ထင်တယ်။

ဆောက်သမ်း – ရန်ကုန် ၂၇-၂-၂၀၁၆ ညနေ ၄ နာရီ၊ အောင်ဆန်းကွင်း

နိုင်ပွဲဆက်နေတဲ့ ရန်ကုန်အသင်းအတွက် အသာရနိုင်တဲ့ ပွဲစဉ်တစ်ပွဲပါ။ ဆောက်သမ်းမြန်မာအသင်းက လက်ရှိအချိန်မှာ ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ရှုံးပွဲတွေဆက်ခဲ့ပေမယ့် နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဟံသာဝတီ၊ မကွေး တို
့နဲ့ပွဲစဉ်တွေမှာ အဖိုးတန် ၁ မှတ်ရအောင် စွမ်းဆောင်ထားနိုင်တာကြောင့် ရန်ကုန်အသင်းကိုလည်း ဆောက်သမ်းတို့ သရေကစားနိုင်မလား။ အမှတ်ပေးဇယားထိပ်ပိုင်းကို ပြန်တက်ဖို့ပြင်ဆင်နေတဲ့ ရန်ကုန်အသင်းကပဲ အနိုင်ရသွားမလာ
ဆိုတာ စောင့်ကြည့်ရမှာပါ။

မကွေး- ဇွဲကပင် ၂၈-၂-၂၀၁၆ ညနေ ၄ နာရီ၊ သုဝဏ္ဏကွင်း

ရာသီအဖွင့်မှာ နိုင်ပွဲတွေများခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ မကွေးအသင်း ရလဒ်ဆိုးတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ ဇွဲကပင်အသင်းက ဒီနှစ်မှာ စောင့်ကြည့်ရမယ့်အသင်းတစ်သင်းဖြစ်သလို နိုင်ပွဲတွေ၊ ပုံမှန်သွင်းဂိုးတွေရှိနေ
တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲမှာ မကွေးနဲ့ ဇွဲကပင်တို့ အပြိုင်ကြဲလာနိုင်ပါတယ်။

ရခိုင် – ဧရာဝတီ ၂၈-၂-၂၀၁၆ ညနေ ၄ နာရီ၊ အောင်ဆန်းကွင်း

ဒီပွဲမတိုင်ခင် AFC ပွဲစဉ် ယှဉ်ပြိုင်ထားတဲ့ ဧရာဝတီအသင်း ပွဲဆက်များနေတာကြောင့် ပွဲပန်းမှုဒဏ်ရှိနေနိုင်ပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း ဂိုးပြတ်ရှုံးနိမ့်လာတာကြောင့် အသင်းသားတွေ စိတ်ဓာတ်ပိုင်းပြန်လည်မြှင့်တင်နိုင်ဖို့ ဧရာဝ
တီရဲ့ အားစိုက်မှုပိုလာနိုင်ပါတယ်။ ရခိုင်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရုန်းကန်နေရပြီး တိုက်စစ်ပိုင်းအားနည်းနေသလို ခေါ်ယူထားတဲ့ နိုင်ငံခြားသားတွေရဲ့ခြေစွမ်းကလည်း အားရစရာမရှိသေးပါဘူး။ ဒီပွဲမှာ ဘယ်သူအောင်ပွဲခံမ
လဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Photo: လေ့ကျင့်ရေးကွင်းမှ ရှမ်းယူနိုက်တက် ကစားသမားများ (shan united fc)

comments

error: Content is protected !!