ယူရိုပါလိဂ်တွင် စတာရစ်ခ်ျနှင့် ကော်တင်ညိုတို့ကို ယာဂင်ကလော့ပ်စွန့်စားအသုံးပြုဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြနှင့်အတူတွေ့ရသည့် စတာရစ်ခ်ျ

လီဗာပူးနည်းပြယာဂင်ကလော့ပ်သည် တနင်္ဂနွေနေ့တွင်ကစားမည့် လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ဒဏ်ရာမှပြန်လည်သက်သာလာသော တိုက်စစ်မှူးစတာရစ်ခ်ျနှင့် ကွင်းလယ်တိုက်စစ်ကော်တင်ညိုတို့ကို ယူရိုပါလိဂ်ပွဲစဉ်တွင် စွန့်စားအသုံးပြုဖွယ်ရှိနေသည်။

လီဗာပူးသည် မန်စီတီးနှင့်ယှဉ်ပြိုင်ကစားမည့်အဆိုပါဗိုလ်လုပွဲမတိုင်မီ ဂျာမနီကလပ်အော့စ်ဘက်အသင်းနှင့် ယနေ့ည၌ ယူရိုပါလိဂ် ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကစားရန်ရှိနေသည်။

“အချိန်အကြာကြီးနားနေခဲ့ရတဲ့ စတာရစ်ခ်ျနဲ့ ကော်တင်ညိုတို့ဟာ အခုကစားမယ့်ပွဲစဉ်တွေမှာ အသင်းဟန်ချက်ထိန်းဖို့အတွက် အရေးကြီးတဲ့ကစားသမားတွေပါ”ဟု ပြောကြားခဲ့သည်။

ယခုတစ်ပတ်အတွင်းကစားမည့်ပွဲစဉ်များသည် လီဗာပူး၏ ယခုနှစ်ရာသီအောင်မြင်မှုကို အဆုံးအဖြတ်ပေးဖွယ်ရှိနေသော ပွဲကျပ်များဖြစ်သော်လည်း ကလော့ပ်က “လွယ်ကူမယ့်ကာလတော့မဟုတ်ပါဘူး။ ပထမခြေလှမ်းကို မလှမ်းရသေးခင် ဒုတိယခြေလှမ်းအတွက်စဉ်းစားနေမယ်ဆိုရင် အောင်မြင်မှာမဟုတ်ပါဘူး။ အခုလာမယ့်ပွဲအတွက်ပဲ ကျွန်တော်အပြည့်အ၀အာရုံစိုက်ထားပါတယ်”ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!