Sexy ကျကျကစားရန်တိုက်တွန်းသည့် ဗန်ဟားလ်ကို ရီယိုဖာဒီနန် အရွှန်းဖောက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသင်းသားများကို Sexy ကျကျကစားရန် တိုက်တွန်းထားသည့် ဗန်ဟားလ်

မန်ယူနည်းပြ ဗန်ဟားလ်က မစ်ဂျေလန်းနှင့်ကစားမည့် ယူရိုပါလိဂ်ပွဲစဉ်တွင် အနိုင်ရရေးအတွက် ကစားသမားများကို Sexy ကျကျကစားရန်တိုက်တွန်းထားကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ဗန်ဟားလ်က”စိတ်ဓာတ်၊ နိုင်လိုစိတ်၊ ခဏခဏသုံးဖြစ်တာကတော့ Sexy ကျကျဆိုတဲ့ စကားပါပဲ”ဟု ကစားသမားများအား မည်သို့စိတ်ဓာတ်မြှင့်တင်ပေးသည်ဆိုသောအချက်ကို ဖွင့်ဟခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြောကြားခဲ့သည့် ထိုစကားအား မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဗန်ဟားလ်၏တိုက်ပွဲခေါ်သံမှာ ဖာဂူဆန်နှင့် လုံးဝကွဲပြားနေကြောင်း သုံးသပ်ခဲ့သည်။

ဖာဒီနန်က”အဲဒါကတော့ ဖာဂီနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ သူက ကျွန်တော်တို့ကို ဘယ်တုန်းကမှ Sexy မကျစေချင်ပါဘူး”ဟု အရွှန်းဖောက်ကာ ပြောကြားခဲ့သည်။

comments

error: Content is protected !!