တစ်ပွဲချင်းစီအတွက်သာ အာရုံစိုက်ရန် အသင်းသားများအား အက်သလက်တီကိုနည်းပြတိုက်တွန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
တစ်ပွဲချင်းစီအတွက်သာ အာရုံစိုက်ရန်တိုက်တွန်းခဲ့သည့် ဆီမြွန်နီ

အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက လာလီဂါနှင့် ချန်ပီယံလိဂ်မျှော်မှန်းချက်များ ဟန်ချက်မျှစေရန်အတွက် တစ်ပွဲချင်းစီကိုသာ အာရုံစိုက်ကစားရန် အသင်းသားများအား တိုက်တွန်းလိုက်သည်။

အက်သလက်တီကိုမှာ ယခုရာသီတွင် လာလီဂါ၌ ဒုတိယနေရာတွင် ရပ်တည်နေသော်လည်း ဥရောပတွင် အောင်မြင်မှုရရန်မှာ ပိုမိုအလားအလာကောင်းသည်ဟု ယူဆထားသည့် ဆီမြွန်နီက ၎င်းအနေဖြင့် တစ်ပွဲချင်းစီအတွက်သာ တွေးတောသွားမည်ဟု ဖွင့်ဟခဲ့သည်။

“ဗိုလ်လုပွဲကိုရောက်ဖို့အတွက်က ပြည်တွင်းအမှတ်ပေးပွဲမှာ ဗိုလ်စွဲဖို့ထက် ကစားရတဲ့ပွဲ ပိုနည်းပါတယ်။ မနှစ်တုန်းက ဒုတိယနဲ့ ပြည်တွင်းမှာ ရာသီသိမ်းခဲ့တော့ ဒီနှစ်မှာ မျှော်လင့်ချက်ပိုများလာပေမယ့် တစ်ပွဲချင်းစီအတွက်ပဲ တွေးတောဖို့ကို မေ့ထားလို့မရပါဘူး။ ကျွန်တော့်အသင်းက ခြေစွမ်းကောင်းနေတယ်။ အဓိကပြိုင်ဘက်ကို သရေကျပြီးတော့ ၂ ပွဲဆက်နိုင်ထားတယ်။ အခုချန်ပီယံလိဂ်မှာလည်း ပီအက်ဗီက ပြိုင်ဘက်ကောင်းဖြစ်ပြီး သူတို့အသင်းက ခြေစွမ်းထက်မြက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းကလည်း စိတ်ဓာတ်အပြည့်နဲ့ ဒီပွဲကို ကစားသွားမှာပါ”ဟု ဆီမြွန်နီက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

comments

error: Content is protected !!